အပိုင်း ၁၉ (unicode&zawgyi)

1.5K 92 4
                                    

ဆယ်တန်းဆောင်မှာ ဝါဆိုလပြည့်နေမို့ ဝါဆိုသင်္ကန်းကပ်ကြတယ်။ ကျောင်းသားတွေရယ် ဆရာဆရာမတွေရယ်စုပြီး တီချယ်လဲ့က ဟေမာန်တို့အဆောင်မှာ အတူနေကြခြင်းပင် ရွာဦးကျောင်းတောင်ပေါ်ကျောင်းကဆရာတော်ကို ဇော်ကိုတို့ကသွားပြီးပင့်တယ်။ တိုက်ကျောင်းဆရာတော်ကိုတော့ တီချယ်လဲ့ မိဘတွေက ပင့်ပေးတယ်။ မှန်စီကျောင်းတိုက်ဆရာတော်ကိူတော့ ကျော်ကျော်မျိုးတို့ကသွားပင့်တယ်။ မနက်လေးနာရီလောက်ကတည်းက ကျောင်းသားကျောင်းသူတွေအကုန်ထပြီး လုပ်အားပေးကုသိုလ်ယူကြရတယ်။ နင်ထ ငါထနဲ့ မျက်လုံးမဖွင့်ပဲ ထနေကြတဲ့ ကလေးတွေချည်း နောက်မှ တီချယ်လဲ့နဲ့ ဆရာမကြီးက လာနှိုးမှ ပြူးပြဲပြီးထကြတာ။ အအိပ်နဲ့အစား ဘာရွေးမလဲမေးရင် အိပ်ရင်းနဲ့ အစားစားမယ်ပြောလို့ ထိပ်ကို အခေါက်ခံရသေးသည်။

တီချယ်လဲ့နဲ့ဆရာမကြီးက သံဃာတော်တွေအတွက် ဆွမ်းချက်ကူတယ်။ တီချယ်လဲ့အဖေက ရွာမှာ ဟင်းချက်အရမ်းတော်တာလေ အလှူပွဲတွေဆိုရင် တီချယ့်အဖေတို့ အုပ်စုက မပါမဖြစ် ခုလည်း ကြက်သားဟင်းရယ် ငါးသလောက်ပေါင်းရယ် ကျောက်ပွင့်သုပ်ရယ် ငါးဖယ်သုပ်ရယ် ချဥ်ပေါင်ဟင်းရယ် ပုဇွန်ခြောက်ကိုငံပြာရည်နဲ့ ကြော်ထားတာလေးရယ် အားလုံးရှယ်ပဲ ရွာတွေမှာက မြို့မှာလိုတော့ အဆင်သင့် ဒံပေါက်တို့ ကြက်ဆီထမင်းတို့တော့ အလွယ်မှာလို့ မရဘူးလေ.။.

''ဟဲ့ အပြုံး ဘာဖြစ်လို့လဲဟယ်။''

ထိုအသံကြောင့်ဘေးက အကျော်က

''ဟဲ့ဟဲ့ ဘာဖြစ်လို့လဲ''

''အပြုံးငိုနေလို့လေ''

''ဟဲ့ ငယ်အစုတ်ပလုပ်မ ကြက်သွန်တွေအများကြီး နွှာခိုင်းမှတော့ ငိုရပြီးပေါ့ဟယ် သူက မငိုတဲ့အတိုင်း''

မျက်တောင်လေးပုတ်ခက်ပုတ်ခက်နဲ့ပြောနေသည်။

''ကဲ ကလေးတို့ ပြီးကြပြီလားရှင်''

''ပြီးသေးပါဘူး တီချယ်''

သံပြိုင်ထွက်ပေါ်လာတာကြောင့် တီချယ်လဲ့က ဟက်ဟက်ပက်ပက်ကိူ ရယ်ပါတော့တယ် ။တီချယ်ကရယ်ရင် သိပ်လှတာပဲ အသားက ဖြူတာလည်းမဟုတ်ဘူး ဝင်းဝင်းလေး အရပ်က ၅ပေ၄လောက်တော့ရှိမယ်။ ဟေမာန့်ထက်တော့ ရှည်တဲ့သူချည်း ပြီးကျ ထူးခြားတာလေးက စကားလုံးရဲ့နောက်မှာ ရှင်ဆိုတာလေးက ဟေမာန့်ရင်ကို ရိုက်ခက်ဖူးတယ် အဲ့အချိန် ဟေမာန့်အသက် ၁၆နှစ်ပြည့်ရုံပဲ ရှိသေးတယ်။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now