Extra 3 (Final) (unicode&zawgyi)

2K 73 2
                                    

အချပ်ပို ၃ (Final)

      မြူခိုးတွေဝေနေတဲ့တောင်တန်းကြီးတွေကဆီးလို့ကြိုနေတဲ့ကချင်ပြည်နယ်ထဲစဝင်ပြီဆိုကတည်းကအပူပိုင်းဒေသလိုမဟုတ်ဘဲအေးစိမ့်လာတယ်။ Highclass Expressကအလွန်ပင်ဇိမ်ရှိလှပါသည်။ 5A/Bကိုရအောင်လည်း မသွားခင်ကတည်းကဖုန်းကြိုဆက်ထားရခြင်းဖြစ်သည်။ ဗန်းမော်ရောက်ခါနီးသစ်တောကြိုးဝိုင်းတစ်ခုကိုဖြတ်ရသေးသည်အချိန်က မနက်၁၀နါရီလောက်ရှိပေမည်လမ်းရဲ့ဘေးပက်ပက်လည်တွင်လူနေအိမ်မရှိပါ။ထိုအချိန်ကားစပါယ်ယာလေးရဲ့ဖုန်းမြည်သံကြားလိုက်သည်။

သူ့အမျိုးသမီးဖုန်းဆက်တာနှင်တူပါတယ်နောက်လေးငါးနာရီလောက်ဆိုရောက်မည်ဆိုတဲ့အကြောင်းသူ့အမျိုးသမီးကဘာပြောလိုက်လဲမသိပေမဲ့ ကားစပါယ်ယာရဲ့မျက်နှာမှာအပြုံးတွေဝေဆာနေလိုက်တာကားဆရာကြီးကတောင်ပြုံးစိပြုံးစိနဲ့ကြည့်လို့။ယွန်းတို့ထိုင်ခုံနဲ့ကျအတော်နီးနေသည်မို့အကုန်ကြားနေရသည်။

''မင်းမိန်းမဘာတွေအချိုကျွေးလိုက်တာတုန်းကွ။ မင်းရဲ့မျက်နှာက ပျားရည်နဲ့အပက်ခံထားရသလိုပဲ။''
ကားဆရာရဲ့အမေးကို ကားစပါယ်ယာအကိုကြီးက။

''မိန်းမရဲ့အပြောလေးတွေအောက်ကျရှုံးသွားရတာနဲ့ ရသမျှခေါက်ကြေးလေးတွေလည်းကုန်ပြီဆရာရေ။''တဲ့

''ဟားဟား ဟားဟား''

ကားပေါ်ကခရီးသည်တွေအားလုံးကဆရာတပည့်တွေပြောနေတဲ့စကားတွေနားထောင်ပြီး တဝါးဝါးနဲ့ရယ်လိုက်ခြင်းပင်။ ကားစပါယ်ယာအကိုကသူ့မိန်းမကိုအတော်ချစ်မည်ပုံပါပဲ။အပြောအဆိုကမှအစနူးညံ့နေရော ကားစပါယ်ယာတွေရဲ့နှုတ်ကလည်းကိုယ်ချစ်ရသူနဲ့ပက်သက်ရင်ဝါဂွမ်းစလေးတွေထက်တောင်နူးညံ့ပါသေးသည်။

''အဘွား ယွန်းမြတ်ဝတီတို့ရောက်လာပြီလား။''

အဘွားတို့အိမ်ကနှစ်မိုင်ဘက်မှာသုံးထပ်တိုက်ဖြစ်သည်။ အဘွားကဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်လို့ ။

''ရောက်ပြီမြေးကြီးရဲ့ အခန်းထဲမှာနားနေကြတာနဲ့တူတယ်။၂နာခွဲလောက်ကရောက်တယ်သူ့အမေတို့ကားနဲ့သွားကြိုလာတာ။ အဘွားမြေးမကြီးတို့အတွဲလေးကြည့်ရတာအဘွားစိက်ချမ်းသာလိုက်တာ ကလေးမယူကြသေးဘူးလား။ ခုခေါတ်မှာယူလို့ရတယ်ဆိုတာသိပြီးသားပါနော်။ ကျုပ်ကခေါတ်အဘွားကြီးပါ ဟင်းဟင်း။ ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now