အပိုင်း ၁၇ (unicode&zawgyi)

1.5K 95 4
                                    

    ဟေမာန်လည်း စိက်ကဘယ်လိုပဲ အဆင်မပြေဖြစ်နေပါစေ အန်တီဆရာမ မှာထားပေးတဲ့ ဆိုင်မှာ နေ့လည်စာစားပြီးတာ နဲ့ ရုံးကို တန်းပြန်ခဲ့တယ်။ သတ္တိမရှိတဲ့ လူတစ်ယောက်နဲ့ မထင်မှတ်ပဲ ဆုံခဲ့ရတယ် အဲ့ဒီအချိန်တုန်းက အသက်ငယ်သေးသရွေ့စိက်ကစားခဲ့ခြင်းဖြစ်မယ်လို့ပဲ နောက်ပိုင်း အမြဲတွေးတယ်။ အတိတ်ဆိုတာကို အတိတ်မှာထားခဲ့ရစမြဲပါပဲ အဲ့ဒီနောက်ပိုင်း ဘာကြောင့် ဆိုးသွမ်းနေတဲ့ ကလေးဖြစ်သလဲဆိုတာ အဲ့ဒီအကြောင်းသည် Main reasonဖြစ်ပါတယ်။ ထိုစိက်ကလေးကို ပျောက်ပျက်အောင် ဟေမာန့်ဘဝကလေးကို စိုပြေလာအောင် အထီးမကျန်ရလေအောင် ပျော်ရွှင်စေအောင် ပြုလုပ်ပေးနိုင်တာကတော့ ချစ်ရသူအန်တီဆရာမသည်သာ ။ထိုအမျိုးသမီးသည်သာ ဟေမာရဲ့ အရာရာဖြစ်ပေသည်။

        ''ဟဲ့ ဟဲ့ မိဟေ ဘာဖြစ်ပြန်လာတာတုန်း ပြောတော့ ညနေမှ အေးဆေးပြန်လာမယ် ချစ်ရသူအနားသွားအုံးမယ်ဆို။''

လေးပင်သော စကားလုံးများနဲ့

''အွန်း ''

''ဘာအွန်းလဲ နင့်အွန်းကြီးကလည်းဟယ် ဘာလို့လည်း အန်တီက ဘာပြောလိုက်လို့လဲ''

''အန်တီဆရာမက ဘာမှ မပြောပါဘူးဟယ် ချစ်တာမှလည်း တုန်နေတာပဲ ခုက''

''ခုက ဘာဖြစ်လဲ ဟယ် မထိတ်သာမလန့်သာနဲ့ဟယ်''

''ဟိုတစ်ယောက် ငါရှစ်တန်းကိုးတန်းဆယ်တန်းကို အဖေတို့နယ်မှာ သွားတက်တာလေ နင်လည်း သိသား''

''အွန်းသိတယ်လေ အဲ့ဒါဆို ငါသိပြီ''

''နင်ပြောဖူးတဲ့ တီချယ်လဲ့လဲ့ခိုင် နဲ့ တွေ့လာတာလား''

''အေးဟုတ်တယ်ဟ ''

ထိုအချိန်က ဟေမာန့် မိဘတွေက ခုလို မရှိကြသေးဘူးလေ။ အရမ်းကျပ်တည်းနေတဲ့အချိန်ပေါ့ အဘွားက အမေ့ကို တရုတ်အမျိုးသားတစ်ယောက်နဲ့ ယူစေချင်တယ်။ အဖေနဲ့ကို လုံးဝသဘောမတူဘူးလေ။ အဖေက နယ်က အဖေဘက်က အဖိုးက ရွာသူကြီးဆိုပါတော့ ဒါပေမဲ့ အဘွားက ချမ်းသာတယ်လေ အဲ့ဒါကြောင့် တရုတ်ဆိုတော့ တရုတ်အချင်းချင်းပဲ ပေးစားချင်တာ။ ဒါပေမဲ့ လက်သွက်တဲ့ အဖေက အမေ့ကို ခိုးပြေးတာ အမေကလည်း ငြင်းရှာသကို တန်းလိုက်သွားတော့တာပဲ အဲ့သလို အဖြစ်အပျက်ကလေးက ။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now