အပိုင်း ၇ (unicode&zawgyi)

2.2K 115 6
                                    


   ''ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ အေးမြလို့ ''

ကျောင်းသွားခါနီး မကုန်နိုင်အောင် ပွင့်နေကြတဲ့ ဇီဇဝါပန်းလေးတစ်ပွင့်ကို အန်တီဆရာမကို ပန်ပေးရင်း စိက်ထဲပေါ်လာပြီး မှန်တင်ခုံလေးမှာ ထိုင်နေတဲ့ အန်တီဆရာမကို ကြည့်တာဆိုနေခြင်းပင်။ ရှက်ပြုံးလေးပြုံးလိုက်တိုင်း ချစ်စရာပါးချိုင့်လေးက အန္တရာယ်ချောက်ကမ်းပါးတစ်ခုမှန်းသိတာတောင် ခုန်ဆင်းချင်နေတာလည်း ဒီအမျိုးသမီးကို သိပ်ချစ်မိသွားလို့ ထင်ပါရဲ့။ ကိုယ့်ရဲ့ဘဝမှာ ရည်းစားတွေလည်း များခဲ့ဖူးပါရဲ့ စိက်တွေလေလွင့်နေတုန်းက ထားဖြစ်ခဲ့ခြင်းသာ။ ထားတော့လည်း တစ်ပက်ထက်မပို ဒါပေမဲ့ ကိုယ်ထားခဲ့ရည်းစားတိုင်းကတော့ ကိုယ့်ကိုချစ်တာချည်း ကိုယ်ကမစခဲ့ဘူး။ တစ်ခါမှ သူတို့ဘာသာ ပက်သက်ချင်တာချည်း အဲ့ဒီအထဲမှာ မိန်းကလေးတွေလည်း ပါတယ်။ ဒါပေမဲ့ အန်တီဆရာမကို ​စတွေ့ပြီးကတည်းက ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတာ ပိုသိလာတယ်။ တစ်ခြားသူတွေသိရင်တော့ လှောင်ပြောင်ကြမှာအသေအချာပင် ဘယ်လိုပဲ လှောင်ပြောင်ကြပါစေ ကိုယ်က သိပ်ဂရုစိုက်တဲ့တက် လူမျိုးထဲတော့ မပါပေ။...

  ''ကဲ ကြည့်လို့ ​ပြီးပါပြီလားရှင်။''

''ကြည့်လို့မဝသေးဘူးရယ် ဘာလို့ အဲ့လောက်လှနေသလဲ စဥ်းစားနေတာ ပြီးတော့ ဘာလို့ သမီးအသည်းတွေ ကြွေသွားအောင် ခြွေနိုင်သလဲပေါ့  အဲ့ဒါလေးသိချင်တာ။''

''အိုကွယ် သမီးပဲ လှတယ်ပြောနေတော့ ချစ်တဲ့ မျက်လုံးနဲ့ကြည့်ရင် အရာရာက လှပပါတယ် သမီးရယ်။''

''မကြည့်ပါဘူး သမီးက အန်တီဆရာမကိုပဲ ချစ်တော့ တစ်ခြားသူတွေကို မကြည့်နိုင်ပေါင်။''

''ကဲကွယ် ပါလာပြန်ပြီ သွားကြမယ် အချိန်နောက်ကျနေတော့မယ် သမီးရယ်။ ''

''ပါမှာပဲ အဖြေပြန်မပေးမချင်းပြောနေမှာပဲ။ ''

''ဟော အဲ့ဒါဆို အဖြေပေးပြီးရင် မပြောတော့ဘူး ဆိုလိုတဲ့သဘောပေါ့ ။''

''အယ် အဲ့လိုမဟုတ်ဘူးလေ နေ နေပါအုံး တူတူသွားမယ်။ ''

ကိုယ့်ကို မျက်စောင်းကြီးထိုးသွားတာများ နဂါးသာဆို ပြာဘဝရောက်နေတာ အသေအချာပဲပေါ့။ ကြည့် အပျိုကြီးလို့မပြောရဘူး မူလိုက်တာများ ဟိုသီချင်းတောင် သတိရမိသွားတယ် ဦးဝင်းဦးဆိုထားတဲ့ ဘာတဲ့ ''မူယာမာတွေ ပိုလွန်းတယ် ဟန်ဆောင်တာတွေလည်း လျှော့အုံးကွယ် '' ဘာဆိုလားပဲ။ အတွေးတွေခဏဖျောက်ပြီး ဆွဲခြင်းလေးကိုင်ပြီး ဆိုင်ကယ်နားမှာ စူပုတ်ပုတ်လေးရပ်စောင့်နေတဲ့ ဟေမာန့်ရဲ့ ချစ်ရသူကြီးပါ ။ခု့လိုလေးကျတော့လည်း ကလေးဆိုးအတိုင်းပါပဲလား အန်တီဆရာမရယ်။..

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now