အပိုင်း ၁၀ (unicode&zawgyi)

2.4K 116 6
                                    

      ''မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီး သူမကယ်ရင် သူမကယ်ရင် မျှော်တော်ယောင်ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး။''

ဒဏ်ရာအ ကြီးကြီးမားမားတွေမဟုတ်တာကြောင့် နောက်နေ့မနက်ရောက်ရောက်ချင်းပဲ ဆေးရုံက ဆင်းခဲ့ကြတယ်။ ဝေယံ့ကို နေခဲ့ဖို့ပြောကြပေမဲ့ သူကဆင်းချင်တယ်ချည်းပြောနေတော့ ဆရာဝန်အစ်မလည်း သေချာပြန်စစ်ပြီး ဆင်းခိုင်းလိုက်တယ်။ ဒီရက်အတွင်း လှုပ်လှုပ်ရှားရှား သိပ်မလုပ်ခိုင်းသေးဘူးပေါ့။ ချုပ်ရိုးတွေ ပြန်ပွင့်လာမှာဆိုးလို့ အထပ်ထပ်မှာနေတာပါ သူ့ရပ်ကွက်က ကလေးတွေအကြောင်း သူသိပြီးသားဆိုတော့လေ။

   အန်တီဆရာမက မနက်ကတည်းက ပြန်သွားခြင်းပါ ။ဘာလို့ဆို ကျောင်းဖွင့်ရက် တနင်္လါနေ့ ဖြစ်နေတာကြောင့်ရယ်။ ပြောင်းလာတာ လပိုင်းပဲ ရှိ့တာကြောင့်ရယ်ပါ။ စိက်ချမယ်ဆိုတာ အထပ်ထပ်မှာသွားခဲ့တယ်။ ဝမ်းတော့နည်းသား ဒီနေ့တော့ ကိုယ်တိုင်ပန်းလေးတောင် မပန်ပေးရဘူး ။ အမေတို့ရောက်လာတာနဲ့ အိမ်ပြန်ဖို့လုပ်ရတယ်။ အမေကလည်း ပြောပါတယ် လူကြီးတွေကို စိက်ပူအောင် သိပ်မလုပ်နဲ့တော့တဲ့။ သမီး အန်တီက လုံးဝ စိက်မကောင်းဖြစ်သွားတာ လိမ်မာစေချင်တာကို လိမ်မာနော် မိဟေ တဲ့။ အမေ့ချွေးမလေ တစ်ချိန်အမေ့ချွေးမဖြစ်လာမဲ့သူလေ လို့ ပြောချင်ပေမဲ့ ကိုယ့်ဇာတ်လမ်းက ကိုယ်သာ ဖိတ်စာရိုက်ထားရတုန်းအမေရဲ့ ။

ညနေဘက် အန်တီဆရာမကို စောင့်နေတာ အုတ်ဖိုမနဲ့ တူတူပြန်လာတာ အန်တီဆရာမက ဆိုင်ကယ်လေးမောင်းလို့ ဟုတ်နေကြတာ။ မြေလက်သူက ဆိုင်ကယ်မောင်းကျွမ်းတာပဲ ။သြော်ဟုတ်သား အန်တီဆရာမနဲ့အမေတို့ပြောသံတော့ ကြားဖူးတယ် ရွှေတောင်ဘက်က သုံးဘီး ဆိုင်ကယ် ဒိုင်နာ စတဲ့ ကားတွေပဲ သုံးကြတာတဲ့။ ဟိုးအရင် ဟေမာန်ရောက်တုန်းကလည်း ဒီအတိုင်းပါပဲ လုံးဝမပြာင်းလဲသွားဘူးပဲ ။သြော် ဟိုးအရင်ကအကြောင်းတွေ တွေးမိတိုင်းလည်း စိတ်နာမိတယ် အမျိုးတွေကိုလေ။

''ဟော အိမ်ရှေ့ထွက်ထိုင်နေပါလား သမီးရယ် နေကောင်းသေးတာလည်း မဟုတ်ဘဲနဲ့ကွယ်။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Onde histórias criam vida. Descubra agora