အပိုင်း ၃ (uni&zawgyi)

2.6K 134 3
                                    

   အပိုင်း ၃

         မနက်စာ စားသောက်ပြီးသကာလ ခြံအရှေ့နားမှာ  စိုက်ထားတဲ့ ပန်းပင်လေးတွေ ရေလောင်းပြီး ဟော အိမ်ဘေးနားမှာ တစ်ပင်တည်းရှိ့တဲ့ ကံ့ကော်ပင်က အဖူးလေးတွေတောင် ထွက်လာပါရော ဟေမာန်လည်း ပန်းပင်လေးတွေ ရေလောင်းပြီး နှင်းဆီပန်းရဲရဲလေးတစ်ပွင့်ခူးလိုက်ပြီး ကြည့်နေရင်း တစ်အိမ်ကျော်စီမှ လွင့်ပြန်လာတဲ့ သီချင်းလေးကြောင့် ပြုံးလိုက်မိတယ်သေးသား။..
        
  🎼  တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ။🎼

    🎼ပန်းကလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့။ ..🎼..

သီချင်းသံလေးကို တိုးတိုးလေး လိုက်သီဆိုမိရင်း အမေတို့နဲ့ ပြုံးကာ စကားပြောနေသော ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်ရင်း

🎼  '' ပန်းချစ်သူ ပျားကပြုံးတယ် တောက်ပတဲ့ အဆင်းလဲရှိတယ် လိုက်ဖက်တဲ့ မွှေးရနံ့ဆို ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ  ''🎼
 
  ထိုအမျိုးသမီးရဲ့ အပြုံးလေးကို ကြည့်ပြီး လိုက်သီဆိုမိတာ မထင်မှတ်ပဲ လက်ထဲက နှင်းဆီကိုင်းလေးကို တင်းတင်းဆုပ်ကိုင်မိတော့ ပန်းကလေးဟာ စိက်ဆိုးသွားတယ် ထင်ပါရဲ့ သူရှိ့နေတာတောင် ထိုအမျိုးသမီးကို တယုတယကြည့်နေမိလို့ ဆူးချွန်နဲ့ ပညာပြလိုက်တော့ အမလေး နာလိုက်တာ စိက်ထဲကပြောနေပေမဲ့ တကယ့်လက်တွေ့မှာတော့။
 
🎼   ရင်ထဲရှိရှိသမျှပြောပြရရင် တကယ်လှတယ်🎼
   
🎼မြင်သူတကာငေးငေးလောက်အောင် လှရက်လို့ ချူလိုသူတွေလက်ထဲမှာ အလှမပျက်အောင်ဆုတောင်းမယ် ပန်းကလေးရယ်.....သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်။.....🎼

    နှင်းဆီပန်းလေး နမ်းရှိုက်ရင်း ထိုအမျိုးသမီးမကြာလေးအောင် ခပ်တိုးတိုးသာ ရေရွတ်မိပါတယ် မွှေးပြန့်လွန်းတဲ့ နှင်းဆီရနံ့ဟာ ထိုအမျိုးသမီးရဲ့ ကိုယ်သင်းရနံ့လေးအောက်မှာ ကျရှူံးသွားတာအမှန်ပါ။ လောကရဲ့ အလှဆုံးပန်တွေတောင် ထိုအမျိုးသမီးရဲ့ အလှတရားကို ငေးမောရလောက်ပါပေတယ်။ ခု့ကြည့် သနပ်ခါးပါးကွက်ကြားလေးနဲ့ ရင်ဖုံးအင်္ကျီဝမ်းဆက်လေးနဲ့ လက်ထဲက ပန်းလေးသာ ထိုအမျိုးသမီးခေါင်းပေါ် ပန်ပေးလိုက်ရရင်ဖြင့် အလှတရားတွေပေါင်စုပြီး နတ်ပန်ချီရှုံးအောင် လှနေမှာ အသေအချာပင်။ သို့ပေတည်း ပေးလို့မဖြစ်သေး မာတာမိခင်ရှိသေးသည် ကျော်ပေး၍ မကောင်း အခါစောင့်ရပေအုံးမည်။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Donde viven las historias. Descúbrelo ahora