အပိုင်း ၂၅

1.5K 96 5
                                    

        မီးရောင်စုံတွေ Djသံတွေနဲ့ ဆူညံပြီး လူငယ်အများစုကတော့ ညဘက်ရောက်ရင် ဒီbarလေးမှာ လာပျော်နေကြ အရမ်းအဝေးကြီးမှာမဟုတ်တဲ့အတွက်ကြောင့် ပြီးကျ ဘာက အကိုတွေနဲ့လည်း သိကြတာက တစ်ကြောင်း အမြဲတမ်းကို စိုပြေနေတော့တာပဲ barဆိုတဲ့ အရာကို စကားထဲတောင်ထည့်မပြောဖြစ်တဲ့ နေ့ရက်တွေကလည်း များခဲ့ပြီဆိုတော့ အရင်ကလောက် မပျော်ကြတော့ပေ အာကာကြောင့်သာ ကျန်တဲ့ သူတွေရောက်လာကြ ထိုင်ခုံလေးတွေသာ အသီးသီးထိုင်နေကြတယ်။

''ဟော ဟော ဟိုမှာ အာကာလာပြီ ဒါနဲ့ဘေးကဘယ်သူလဲ ဝေယံ'

မြင့်မြတ်အမေးကို

''အာ စည်သူ စည်သူပါလာတာဒီကောင်ပြန်ရာက်နေတာနေမယ် မိဟေ နင်အဆင်ပြေလား ဒါမှမဟုတ် ငါတို့ ပြန်ကြမလား''

''နေနေရတယ် ဝေယံ ခဏတဖြုတ်ပဲဟာ ကိစ္စမရှိပါဘူး''

ဝေယံဘာမှ ဆက်မပြောပေမဲ့ သဘောကျပုံမရဘူး နန်းရော မြင့်မြတ်ရောပဲ အလိုက်သင့်လေးသာ ပြောဆိုကြတယ်။

''ငါနောက်ကျသွားတယ်ဟ ငါစည်သူကို ဝင်ခေါ်နေလို့ ဒီလိုလူမစုံတာ ကြာပြီမို့လေ''

''ငါ့သူငယ်ချင်းတွေကတော့ အရင်အတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူးပဲ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ဟ''

ခဏကြာတော့ Alcohol မျိုးစုံလာချပေးသည်မို့ ​ကိုယ်ကြိုက်နှစ်သက်ရာ အမျိုးအစားလေးကို ရွေးပြီးသောက်ကြတယ် ဟေမာက Spyပုလင်းလေးသာ လက်ထဲကိုင်ထားတယ် အန်တီဆရာမက မကြိုက်ဘူးဆိုတော့ ကိုင်ရုံလေးသာပဲ ခု့ထိမသောက်ရသေးပေ နောက်ထပ်စိက်ရှူပ်စရာတွေ ဘယ်သောအခါမှ မပေးမိအောင်ပဲ ကိုယ့်ကိုကိုယ်ကြိုးစားနေမိတယ်။ အာကာနဲ့ စည်သူသာ ဇက်ကျိုးမတက်သောက်နေကြတယ် ကျန်တဲ့လေးယောက်ကတော့ သောက်ရုံမျှသာ အမှန်အတိုင်းဆိုရင် သူတို့ကို မယုံတော့လို့ပေ...။

    ဝေယံက နာရီကိုတစ်ချက်ကြည့်ပြီး
   
''နန်းတို့ မိဟေတို့ ငါတို့ပြန်ကြရအောင် အရင်လို ငါ့အိမ်ကလည်း အကြာကြီးမနေခိုင်းတော့ဘူး နင်သိပါတယ် နင့်အန်တီရှိလို့သာ နင်တို့အိမ်မှာ အိပ်ခိုင်းတက်တာဆိုတာလေ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now