အပိုင်း ၂၁ (unicode&zawgyi)

1.5K 89 6
                                    

   ကလေးတွေကျောင်းပိတ်ခါနီးမို့ စာမေပွဲအစစ်ကြီးဖြေရတော့မည်။ (စာရေးသူတို့တုန်းကလည်း အစစ်ကြီး လို့ပြောနေကြမို့ပါ) အန်တီဆရာမက ညဘက်တစ်နေ့မပျက် အုတ်ဖိုမကို စာသင်နေခြင်းသာ ။1to10အမြဲဝင်ပေမဲ့ ဒီနှစ်မှ ဆုရတာမို့ အမေတို့ဆိုသည်မှာလည်း ချီကျုးလို့မဆုံးဖြစ်မေကြသည်။ အစကတော့ ဟေမာန်ကိုယ်တိုင် အုတ်ဖိုကို သင်ပေတယ် ခုတော့ အန်တီဆရာမ သင်ပေးတာကို အနားကနေထိုင်ပြီး ငေးနေရတာအမော။ တစ်ယောက်တည်း လုငေးနေတာဆိုပိုမှန်ပါလိမ့်မယ် ။

   ကိုးနာရီလောက်ရောက်တော့ အန်တီဆရာမလည်း စာသင်လို့ပြီးသွားပြီ အုတ်ဖိုကိုလည်း အမေတို့လာခေါ်သွားပြီ။ အမေကပြောသွားသေးတာ ညီမရယ် မိဟေဆယ်တန်းတုန်းကတည်းက ညီမနဲ့သာစာသင်ခဲ့ရရင် ဆယ်တန်းကို ငါးဘာသာအသာလေးနေမယ် ခုတော့ဖြင့် နှစ်နှစ်ကျ ဂုဏ်ထူးလေးနဲ့ပေါ့တဲ့။ မာတာမိခင်တို့များ သူ့ချွေးမကိုဆို ပိုကိုပိုလွန်းတယ် ငိုရမလိုလို ရယ်ရမလိုလိုနဲ့သာ ဟေမာန့်အဖြစ်က။

''ဘာတွေတွေးပြီး ပြုံးနေတာလဲ ပူတူးကလေးရဲ့ ။''

''သြော် ကလေးတွေကျောင်းကပွဲတုန်းက သီချင်းလေးကို တွေးမိပြီး ပြုံးမိသွားလို့ပါ အန်တီဆရာမရယ်.။''.

''ပြောကြည့်ကွယ် ဘယ်သီချင်းမို့လို့လဲ အန်တီလည်း ပြုံးလို့ရအောင်ကွယ်။''

''အန်တီ အန်တီအစား နာမ်စားတစ်ခုခု​ပြောင်းသုံးပါလား အန်တီဆရာမရယ် ''

''ရော ပူတူးကလေးကတောင် အန်တီဆရာမလုပ်သေးတာချည်း အချစ် လို့သာ ပူတူးကလေးခေါ်လိုက်ပါ ရှင် ဆိုတာလေးပါ အဆစ်ထည့်ပေးလိုက်ချင်ရဲ့''

''ပူတူးက နှုတ်ကျိုးနေပြီလေ အန်တီဆရာမ ဆိုတာလေးက ပူတူးအရမ်းမြတ်နိုးရလို့ပါ။ ''

''ဒါဖြင့်လည်း အန်တီပေါ့ကွယ် ကဲ ပြောကြည့်ပါအုံး အပြုံးကလေးဖြစ်စေတဲ့အကြောင်းလေး။''

ကုလားထိုင်ပေါ်မှာထိုင်နေရင်းက ကိုယ့် အရှေ့မှာ ဒူးကလေးထောက်ချပြီး လက်ကလေးကို အနမ်းလေးဖွဖွပေးကာ ရယ်သံဝဲဝဲလေးနဲ့ ဒီလိုဆိုတယ်။ ပြောလို့ပြောတာမဟုတ်ဘူး တစ်သက်လုံး မြေလတ်မှာနေလာခဲ့သမျှ ရှမ်းဝဲသံလေးကိုမှ ရင်ခုန်မိရတယ်လို့။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now