အပိုင်း ၂၇

1.9K 108 6
                                    

မကြာပါ ဒရောသောပါး လူနာတစ်ဦးကို တွန်းလာတာမြင်လိုက်ရတာမို့ အားလုံးအကြည့်က ဟိုဘက်အခန်းဘက်ရောက်သွားကြတယ်။ တကယ် အာကာ့အဖေပဲ ဦးလေးမှာက ရောဂါအခံရှိတော့ ပိုဆိုးသွားတာနေမယ် ။ သြော် ဝဋ်ဆိုတာက တကယ်ကိုကြောက်ဖို့ကောင်းတာပဲ နေ့မကူးပါပဲ သက်ဆိုင်ရာ ချက်ခြင်းတန်ပြန်တော့တာပဲ ဒါပေမဲ့ စိက်မကောင်းစရာက ပြုလုပ်သူက မခံရသေးပဲ အနားကလူမှာသာ သွားသက်ရောက်နေခဲ့တာ နာရီအနည်းငယ်ကြာတော့ ဆရာဝန်ကြီးထွက်လာပြီး အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင့် ဒဏ်ရာကပြင်းတော့ သတိရဖို့အချိန်တော့ အတိအကျမပြောနိုင်သေးဘူးတဲ့ ဘာပဲ ဖြစ်ဖြစ်ပါ အသက်အန္တရာယ် မစိုးရိမ်ရတာနဲ့တင် အလုံးနည်းနည်းကျသွားတယ် ။

အန်တီဆရာမကို VIP Roomအခန်းထဲပြောင်းပြီးကတည်းက ဟေမာန်တစ်ယောက် နေ့ရော ညပါ မပြန်ဘဲကိူ တစ်နေကုန် စောင့်ပေးတယ်။ အသံလေးများကြားမလားဆိုပြီး စကားတွေထိုင်ပြောရတာအမော အမြဲတမ်းအေးချမ်းပြီး အပြုံးလေးတွေချိုမြတဲ့ မျက်နှာပိုင်ရှင်လေးရဲ့ အပြုံးလေးတွေကို ပြန်မြင်ချင်မိနေပါပြီ။ လက်ကလေးကို ရေပက်လေးအနည်းငယ်တိုက်ပေးရင်း သတိများပြန်လည်မလားဆိုပြီး သေချာကြည့်ရတာအမော ပြုံးလိုက်ရင်ခွက်နေအောင်ပေါ်တဲ့ ပါးချိုင့်ကလေးကိုလည်း လွမ်းနေပြီ။ မကြိုက်တာတစ်ခုပြောမိတိုင်းလည်း စိက်မဆိုးပဲ ထိုးတက်တဲ့ မျက်စောင်းလေးရော အရာအားလုံးရရှိတဲ့ ထိုအချိန်ကလေးတွေ အမြန်ပြန်ရောက်ချင်နေပြီ ချစ်ရသူရဲ့။

''ဂျလောက်''

တံခါးဖွင့်သံနဲ့အတူ အမေရယ် နန်းရယ် ယွန်းမြတ်ဝတီရယ် ရတနာရယ် ဝင်လာတယ် ဟေမာလည်း အန်တီဆရာအနားမှာ​ထိုင်ရင်း။

''သမီးရယ် အိမ်ပြန်ပါအုံးလား အမေတို့ရောက်တုန်းလေး ''

''မပြန်ချင်ပါဘူး အမေရယ် သမီးပြန်မှ အန်တီဆရာမ နိုးလာရင် သမီးကို မတွေ့ပဲနေမှာပေါ့ မပြန်ပါဘူး''

''မိဟေရယ် နင်ပင်ပန်းနေပြီ ခဏအနားယူပါ အန်တီ့ဘေးမှာ ဒေါ်လေးရော ငါတို့ရောရှိပါတယ် ''

''နေပါစေဟာ ပင်ပန်းပါစေ အန်တီဆရာမအနားမှာပဲ နေချင်တယ် ''

''မဟေ ငါပြောပြမယ် နင့်ပုံစံလည်း ပြန်ကြည့်အုံး ရေမချိုး အင်္ကျီမလဲ တော်တော်လှနေတယ် ထင်နေတာလား အန်တီနိုးလာရင် နင့်ကြည့်ပြီး ပြန်သတိမေ့သွားလိမ့်မယ် အဟွန်း ခက်ပါတယ်နော် ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now