အပိုင်း ၃၁

1.7K 104 4
                                    

         မနက် ရှစ်နာရီဆိုရင်ဖြင့် ဘိတ်သိတ်ဆရာရယ် ရွာထဲက လူကြီးတွေရယ် ရွာရဲ့ ဓလေ့ထုံစံအရ မင်္ဂလာအခါပြုလုပ်ကြတယ်။ အန်တီဆရာမတို့အိမ်မှာ မင်္ဂလာပွဲလုပ်တာဖြစ်တဲ့အတွက် ဟေမာကတော့ လူကြီးတွေနဲ့သာ လိုက်လာရခြင်းပင် ထိုအချိန် ရွာကသူငယ်ချင်းတစ်သိုက်ရော အစ်မကြီးတွေရော အပြုံးနဲ့အကျော်ရော ယွန်းမြတ်ဝတီနဲ့ နန်းရယ် အမျိုးရယ် ဝေယံရယ် ခုနေ့မှ ဒင်းတို့လူခွဲထားလိုက်ပုံများ ရွှေကြိုးတားကြသည်လေ ကြိုပြီး စာအိတ်ကလေးတွေနဲ့ မုန့်ဖိုးများထည့်ထားရသည်။ လူငယ်အသင်းကတော့ ရသမျှ အသင်းထဲပြန်ထည့်ကြသည်ပေါ့ လိုအပ်တာဝယ်ရန်အတွက်သာ ဟိုခြောက်ယောက်ကတော့ တစ်ပြုံးပြုံးနဲ့ သူတို့အပြုံးတော့ဖြင့် ဟေမာကြောက်မိသား။

  နှစ်ဖက်သောမိဘတွေကို ကန်တော့တယ်။ ဘိတ်သိတ်ဆရာ ဘိတ်သိတ်မြှောက်တော့ အန်တီဆရာမမိဘတွေရဲ့ မျက်ဝန်မှာ မျက်ရည်ကိုဝဲလို့ သူတို့သမီးကြီးကို သူတို့သိပ်ချစ်ကြသည်ဆိုတာ ပြောစရာမလိုပေ။ ဘိတ်သိတ်မြှောက်ပြီးတဲ့အခါမှာတော့ ဇနီးမယားအဖြစ်သို့ တရားဝင်ရောက်သွားပြီဖြစ်တာကြောင့် လက်ဖဝါးနုနုကလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားမိတော့သည်။ မဏ္ဍပ်ထဲတွင် ကူညီနေကြတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ညနေဧည့်ခံပေးပါရန် လိုက်ဖိတ်ရသည်လေ ထမင်းချက်တဲ့ အန်တီကြီးတွေဆိုတာလေ တကယ်မနိုင်ဘူး လူငယ်တွေက ရှက်ကိုရှက်ကန်းနဲ့ သိပ်မစပေမဲ့ သူတို့တွေကတော့ ပေါ့ပေါ့ပါးပါးနေတက်​ကြသည်မို့ ညနေပြင်ပြီးထိတောင် မစောင့်တော့ဘူးဆို လာ ဓာတ်ပုံရိုက်အုံးမယ်ဆိုပြီး ရိုက်လိုက်ကြတာ ။ အပြုံးရယ် နန်းရယ် ယွန်းမြတ်ဝတီရယ် ရွာထဲက ကောင်မလေးနှစ်ယောက်တို့ကတော့ ဒေါနတစ်ခက်နဲ့ ရွာထဲက အိမ်တိုင်းကို လိုက်ဖိတ်နေကြတယ်။

မနက် ဆယ်နာရီလည်း ထိုးရော ထမင်းပွဲတွေကို စတင်ပြီး ပြင်ဆင်ကျွေးမွေးဖို့ အားတက်သရော တက်ညီလက်ညီနဲ့ရယ် အရင်ဦးစွာ လူကြီးသူမတွေကို အရင်ဦးစားပေးစေပြီး မည်သူမျှ အိမ်မပြန်ရန် သတိုးသမီးနှစ်ယောက်က ပြောကြရပေတယ်။ လူကြီးတွေပြီးမှ ကောင်လေးတွေကို အရင်စားစေပြီး နောက်ဆုံးကျမှာ ကောင်မလေးတွေ စားကြတယ်။ အိမ်ပေါ်မှာ စားဖို့ ဟေမာတို့ရယ် ဧည့်သည်တစ်ချို့ရယ်ကို ပြောပေမဲ့ ဟေမာကတော့ အပြုံးတို့နဲ့ မဏ္ဍပ်ထဲတွင်သာစားတယ် ။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now