အပိုင်း ၅ (unicode&zawgyi)

2.5K 131 0
                                    

     ပါးပြင်ပေါ်ကျရောက်လာတဲ့ အနမ်းနွေးနွေးလေးကြောင့် အသိစိက်က ဆက်ခနဲ နိုးလာပြီး ဖက်ထားတဲ့ လက်ကလေး ပြေလျော့သွားတာကို အခွင့်ကောင်းယူပြီး ထပြေးသွားတဲ့ အန်တီဆရာမရယ်ပါ ။ ပါးပြင်ကို လက်ကလေးနဲ့ အသာအယာကိုင်ပြီး ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့သူဟာတော့ ကိုယ်ဖြစ်နေခဲ့ခြင်းသာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ နမ်းသွားလဲဆိုတာ တွေးမရဖြစ်ခဲ့လေပြီ။ အန်တီဆရာမရယ် ခုန်နေတဲ့ နှလုံးကို ပိုခုန်အောင် လုပ်နေပြီးမှ ရပ်တန့်လို့ မရဘူးဆိုတာကို တစ်နေ့ အန်တီဆရာမသိအောင် ပြောရအုံးမယ်။....ခု့တော့ ပြေးနှင့်အုံးပေါ့ အန်တီဆရာမရယ်။...

      မနက်မိုးစင်စင်လင်းတော့ အိပ်ယာမထပါသေးပဲ ညက အဖြစ်အပျက်လေးကို တွေးပြီး တစ်ယောက်တည်း ပြုံးမိသား။ နေပါအုံး အန်တီဆရာမက ဘာလို့ ငါ့ကို နမ်းသွားတာတုန်း။ ငါ့ရဲ့ ပုံစံကို စိက်ဆိုးလို့ရရဲ့သားနဲ့ အား ။ မွှေးလိုက်တာ ထမင်းကြော်ရနံ့လေးက။ ခပ်သွက်သွက်ကလေးပဲ မျက်နှာသစ်ပြီး မီးဖိုအခန်းထဲဝင်သွားတော့  သိပ်လှတဲ့ အိမ်ရှင်မတစ်ယောက် ရောက်နေသလိုခံစားလိုက်ရတယ် အနည်းငယ်လည်း စချင်သွားတာမို့...အနောက်ကနေ ခြေသံဖွဖွလေးမကြာရအောင် နင်းပြီ...နားနားကပ်ပြီး။

'' အဟမ်း''

ခပ်ကျယ်ကျယ်လေး ချောင်းဟန့်လိုက်တော့ါ

''အမလေး ဗုဒ္ဓေါ ''
ဆိုပြီး ခန္ဓာကိုယ်လေးယိုင်သွားတော့ ဟေမာန် သေချာလေးဖမ်းထိန်းပြီး တမင်ကို ဖက်ထားလိုက်တော့တယ် ။

     ''အယ် အန်တီဆရာမ ရင်တွေတအားခုန်နေပါလား။''

''အို ရှင်ရယ် လူပဲ ရင်ခုန်တာ ဆန်းသလားကွယ်။''

''မဟုတ်ပါဘူး သာမန်ထက်ပိုခုန်နေသလားလို့။''

''သွား ကလေးစုတ် လက်က လွတ်ချည် ထမင်းကြော်တွေ တူးကုန်မှဖြင့်။''

''တူးပါစေလေပေါ့ ခု့တောင် ဗိုက်ကပြည့်ချင်လာပြီ ပါးကွက်လေးနဲ့ အန်တီဆရာမကို တွေ့ရလို့လေ။''

'' ကဲ ဒီကလေး ပြောရတယ်ခက်ပါလားကွယ်။ ''

''မခက်ပါဘူး လွှတ်စေချင်ရင် ဒီမှာ ဖောင်းနေတဲ့ ပါးလေး အားဘွားပေးပါ။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now