အပိုင်း ၃၀

1.4K 94 2
                                    

​    ​မေ တို့ နယ်ဘက်က မင်္ဂလာဧည့်ခံပွဲလေးကတော့ မြို့ကြီးပြကြီးက Hotelတွေ ခမ်းမတွေမှာလိုတော့ ဘိုကင်ယူစရာမလို ဧည့်ခံကျွေးမွေးဖို့အတွက် အစားအသောက်မှာစရာမလိုပေ ဝိုင်းဝန်းကူညီပေးကြပြီး မြိုင်မြိုင်ဆိုင်ဆိုင်လုပ်အားစေတနာနဲ့ ကူညီကြပေတယ်။ တစ်ချိုမင်္ဂလာပွဲတွေဆို ဒီနေ့လို မနက်ကနေစပြီး နောက်တစ်နေ့ မနက်ပိုင်းမှာ ဧည့်ခံပွဲလုပ်ကြတယ် တစ်ချို့က ဒီနေ့လိုညနေပိုင်းမှ စပြီး နောက်တစ်နေ့ ညနေပိုင်းမှာ ဧည့်ခံတာမျိုးပေါ့ ဝိုင်းဝန်းကူလုပ်ဖို့ ညနေကတည်းက လူငယ်အသင်းက လိုအပ်တဲပန်ကန်တွေ စသဖြင့် ပြီးကျ မင်္ဂလာ​ဆောင်အပြင်အဆင်တွေရယ် အသံချဲ့စက် Sound Boxတွေ ထိုင်ခုံတွေကတော့ ရွာမြောက်ဘက်က ဦးလေးကြီးတို့အိမ်က ငှားလို့ရသည်။(ဒါကတော့ အခကြေးငွေပေးရပါသည်) တစ်ရွာလုံးမှာ တစ်တွင်းတည်းသားရှိတဲ့ သောက်ရေတွင်းမှ ရေစည်ဖြင့် ကောင်လေးငယ်ငယ်ကလေးတွေက ရေစည်ဆွဲကြတယ်။ ခုတော့ဖြင့် တွင်းဟောင်းဘေးမှာ တွင်းသစ်တစ်တွင်းပါ တူးထားကြချေပြီ နွေအခါသောက်ရေမလုံလောက်သည့်အတွက်ကြောင့်ရယ်။

ဧည့်သည်တွေဖြစ်ပေမဲ့ ယွန်းမြတ်ဝတီနဲ့ နန်းကတော့ အပြုံးတို့ ကောင်မလေးတစ်သိုက်နဲ့ လိုအပ်တာတွေကို အားတက်သရော ကူနေကြတယ်။ ဝေယံကတော့ ကောင်လေးတွေနဲ့ ရေစည်လှည်းနောက်သာ လိုက်နေသည် ထိုအချိန်ကျတော့လည်း အာကာ့ကို သတိရမိသွားတာအမှန်ပါပဲ မင်္ဂလာသတိုးသမီးနှစ်ယောက်က အခန့်သားလိုက်နှုတ်ဆက်နေရတယ် ထင်နေပါသလား။ လုံးဝမှားသွားပါမည်။ တစ်ခြားရွာမှ ညနေကတည်းက ရောက်နေပြီးဖြစ်တဲ့ ညအိပ်မဲ့ ဧည့်သည်တွေနဲ့ ကူညီပေးကြတဲ့ လူတွေအားလုံး စားဖို့သောက်ဖို့အတွက် ကူပြီးစီစဥ်ပေးရနေကြရသည်။ အသံချဲ့စက်သမားတွေအတွက်ရော အစစအရာရာလိုလေးသေးမရှိအောင်ကိူ ဆောင်ရွက်ပေးရသည်လေ။

''မ အပြုံး ဟိုဟာလေ ရွာဘက်က မင်္ဂလာဆောင်တာက ပျော်စရာကြီးနော် လူတွေအများကြီးနဲ့ ကလေးတွေရော အရွယ်မျိုးစုံ လာကူပေးကြတာနော် ''

''ဟုတ်တယ် ယွန်းရဲ့ မ အပြုံးလို့ မခေါ်ပါနဲ့ဟယ် ငယ်ခေါ်သလို အပြုံးလို့ပဲ ခေါ်ပါ ဘယ်နှယ့် ကျုပ်လည်း ၂၁နှစ်ပြည့်ပြီးရုံပါပဲအေ တူတူချည်းကိူ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now