အပိုင်း ၂၀ (unicode&zawgyi)

1.5K 99 10
                                    

    ''တီချယ်မေးတာအရင်ဖြေ။''

လေသံက ပျော့မနေပါ။

''ဟိုကောင်မလေးလာကြိုတာပဲ ကြိုစရာလိုသေးလို့လား။''

''ကျောင်းရှေ့မှာ စောင့်နေတာ ဆယ်ငါးမိနစ်နီးပါးပဲ သိသိချည်းနဲ့ ထွက်မလာတာဘယ်သူလဲ ။မကြိုက်ပါဘူး နောက်တစ်ခါစကားမပြောနဲ့လို့ပြောထားတာကို ဖောင်းဖွနေအောင်ပြောတယ် အဟင်း။ ''

''အဲ့ဒါတီချယ်နဲ့ ဘာဆိုင်လည်း ငယ့်ဘာသာ ပြောချင်တဲ့သူနဲ့ပြောမယ် တီချယ်လည်း ပြောချင်တဲ့သူနဲ့ပြော။''

စကားအချေအတင်ဖြစ်ပြီး လိုက်ပို့တဲ့သူကြောင့် စိက်ရှုပ်နေတာမလား။ ပြသနာရဲ့လိုရင်းကို ဟေမာန်မမေးမိ တီချယ်လဲ့များပြောမလားစောင့်သော်လည်း မပြော။ ဇော်ကိုနဲ့စကားပြောတာ မကြိုက်ဘူးပြောရအောင် ဇော်ကိုကလည်း မဟုတ်တာပြောနေတာမဟုတ်။ သဝန်တိုရင်လည်း တိုတယ်ပြောပါလား ဘာလဲ ဟိုအမျိုးသားကြောင့်လား မေးချင်မိပေမဲ့ မမေးဖြစ်။

''သမီး အပြုံး သမီးသဇင်ဦး အတန်းမတက်ဘူးလား တီချယ်မတွေ့တာ ဒီနေ့နဲ့ဆို တစ်ပက်ပြည့်တော့မယ်။''

''တက်တယ် တီချယ် တီချယ့်အချိန်ဆို မတက်တာ ဟုတ်တယ် တီချယ် တစ်ပက်ပြည့်တော့မယ် တီချယ်တို့ ရန်ဖြစ်ထားကြသေးလား တစ်ပက်လုံး စကားပြောရင်တောင် တီချယ့်နာမည်ပါတာနဲ့ မှုန်ကုတ်နေလို့လေ။''

''ဟုတ်လား သမီး ဒီကလေးနဲ့တော့ တီချယ်ညနေကြ အခန်းလိုက်သွားလိုက်မယ် အခန်းမှာပဲမလား သူ့အဘိုးတို့အိမ်ပြန်သေးလား ။''

''မပြန်ဘူးတီချယ် ညနေဆို တီချယ့်စာတွေ ကူးဖို့သွားပေးရတယ်လေ မယ်မင်းကြီးမကို။''

''ဟုတ်ပြီ ညနေကျ တီချယ်ကိုယ်တိုင်သွားလိုက်ပါမယ် ကဲကဲ ခုတော့ ကျောင်းပြန်တက်တော့မယ် သွားကြတော့နော်။''

''ဟုတ်တီချယ်''

လူကောင်သေးလို့သာပေါ့ စိက်ကလေးကလည်း ကြီးပ ။ရုပ်ကလေးနဲ့ကိုမလိုက် ဘာကြောင့်လည်း အသေအချာမသိပေမဲ့ ငယ်လေးနဲ့စကားပြောတဲ့အခါ ပျော်ရတယ်။ စိက်ကောက်တော့မူတာလည်း အရမ်း တီချယ်တိုင်းကိုလည်း မကြောက် ဘယ်ကြောက်ပါ့မလဲ အားလုံးက ချစ်ကြတာကို။ ညနေတိုင်း ကောက်ပေးနေကြ ခရေပန်းလေးတောင် မပန်ရတာ တစ်ပက်ပြည့်သွားပြီပဲ။ ညနေဘက်ဆို လာရာလမ်းလေးကိုလည်း မျှော်ရတာအမော ။ငယ်ကတော့သိလားမသိဘူး လဲ့ရဲ့ စိက်အစဥ်ကိုတော့ အရမ်းစိုးမိုးလွန်းနေတယ်။ ဇော်ကိုနဲ့စကားပြောနေတာကိူကြည့်ပြီး သဝန်လည်း အများကြီးတိုရပါကြောင်းကို ငယ်လေးက သိမယ်မထင်ဘူး ။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now