Extra 1

1.8K 86 8
                                    

အချပ်ပို ၁
   ''အန်တီ့ကလေးလေးအိပ်ပုတ်လေးထတော့ကွယ်  ဒီနေ့ဆိုင်မသွားနဲ့တော့ကွယ်ဆိုင်ကကလေးတွေသာလွှတ်ထားလိုက်တော့နော် မနက်ဖြန်နဲ့သဘက်ခါပါပိတ်ပေးလိုက်နော်ပူတူးကလေး''

''အစောကြီးရှိသေးတယ်အန်တီဆရာမကလည်း ငါးမိနစ်လောက်နော်ငါးမိနစ်။ ငါးမိနစ်ပြီးရင်ထမယ်လေနော်အေးအေးလေးနဲ့ကွေးနေချင်လိုက်တာ။ မနေ့ကတည်းကပြောထားပြီးသားပါ။မုန့်ဖိုးပါတစ်ခါတည်းပေးထားပြီးပြီ ဝှားးးးကန်ကော့မယ်လုပ်နေလို့မနည်းတောင်းပန်ရတယ်''

''အမယ် အန်တီ့ပူတူးကလေးတောင်ကန်တော့ခံရမဲ့အရွယ်ရောက်နေပြီပဲ။ အန်တီတော့ဖြင့်မနေ့တစ်နေ့ကမှ ၂၀ပြည့်တယ်ထင်တုန်းကွယ်ဟင်းဟင်း''

''အန်တီဆရာမရဲ့ပူတူးကလေးပဲဟာ နုပျိုတာမဆန်းလှဘူးမလားဒီလောက်လှတဲ့အမျိုးသမီးကိုပိုင်ဆိုင်ထားမှတော့ ပူတူးပိုပြီးလှလာတာမဆန်းလှဘူးမလား ''

ခုတင်ပေါ်တင်လေးလွှဲပြီးထိုင်ရင်းစောင်ခြုံထဲကကိုမထွက်တဲ့ကလေးပေါက်စကိုထိုင်းနှိုးနေရတာဆယ်မိနစ်မကတော့ဘူး။ အိပ်တာလည်းမဟုတ်စကားတွေသာပြောနေတာ။ ဘယ်လိုနှစ်တွေကြာစေအုံးတော့ ပုံရိပ်လေးတွေကမနေ့တစ်နေ့ကလိုပဲသစ်လွင်နေတုန်းပါပဲ။

''ကဲကဲထတော့ကွယ်အချိန်လည်းမနည်းလှတော့ဘူး အန်တီ့တပည့်လေးတွေလာကန်တော့မလို့တဲ့ပါရမီဖြည့်ဖက်ကလေးကအနားကနေမိန့်မိန့်ကြီးနဲ့ထိုင်နေပေးရမယ်လေ ပြန်မအိပ်နဲ့တော့ကွယ်''

ပြန်မအိပ်နဲ့ပြောကာမှ မေ့ကိုခါးလေးကနေဆွဲချပြီးစောင်ခြုံထဲသာအတင်းသွင်းပြီးတင်းနေအောင်ကိုဖက်ပြီးအိပ်တော့တယ်။ လက်ငါးချောင်းထောင်ပြီး ငါးမိနစ်တဲ့။ ဒီလိုအပြုအမူတိုင်းဟာ မေ့အတွက်ဘယ်တော့မှရိုးမသွားသော သင်္ကေတတစ်ခု အမှတ်အသားတစ်ခုရယ်ပါ။ ဖောင်းနေတဲ့ပါးကလေးကိုဖျစ်လိုက်တော့ ပြုံးဖြီးဖြီးနဲ့အကောင်ပေါက်လေးဟာ။ အသည်းယားလို့စိက်ရှိလက်ရှိသာလုပ်ပစ်လိုက်ချင်မိတယ်။

      ''ဒေါက်ဒေါက်ဒေါက်ဒေါက်''

အိမ်တံခါးခေါက်သံကြားမှမေပါလန့်နိုးလာခဲ့တယ်။ ဘယ်နှယ့်ရှိစအိပ်ယာနှိုးဖို့လာတဲ့ကိုယ်ပါပြန်အိပ်ပျော်သွားရတယ်လို့။ ပူတူးကလေးကိုပါအမြန်နှိုးပြီး သေချာသပ်သပ်ရပ်ရပ်လေးဖြစ်အောင်လုပ်ပြီးမှ အိမ်ရှေ့တံခါးသွားဖွင့်ရတယ်။ ကလေးတွေတောင်ရောက်လာကြကုန်ပြီ။ ကလေးတွေလို့သာပြောတာပါ ကိုးတန်းဆယ်တန်းကလေးတွေဆိုတော့ လူကောင်ကြီးတွေကလည်းထွားထွားကြီးတွေ ပူတူးကလေးဆိုင်ကိုပိတ်ရက်တိုင်လာနေကြကလေးတွေဆိုတော့ ပူတူးကလေးနဲ့တောင်Levelဖြစ်နေကြပြီ။ ကိုယ့်ကလေးကပဲပိုပိုနုလာသလားမပြောတက်။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now