အပိုင်း ၂၈

1.5K 94 6
                                    

      ၈နာရီလောက်ရောက်တော့ ဆိုင်ကယ်ငါးစီးတောင်ရောက်လာတယ်။ ဘယ်သူတွေများလာကြိုများလည်းလို့ ကျော်ကျော်မျိုးနဲ့ တီချယ်လဲ့အပြင် အရွာက အသိအကိုတွေရော ပါလာတယ် တီချယ်လဲ့မျက်နှာမြင်ကတည်းက ​ယွန်းမြတ်ဝတီတို့ အိန္ဒြေကို မရတော့ဘူး ဟိုဘက်ကချောင်းကြည့်လိုက် ဒီဘက်ကချောင်းကြည့်လိုက်နဲ့ မျက်နှာမှာလည်း ​အပြုံးရိပ်ကသမ်းနေရော တီချယ်လဲ့က ယွန်းမြတ်ဝတီမျက်နှာမြင်တာနဲ့ကို တည်သွားလိုက်တာ တည်မှာပေါ့ စာပေါင်း သောင်းခြောက်ထောင်ပို့ထားတာကို ကြူးလိုက်တာဆိုတာကလည်း ကမ္ဘာပေါ်မှာ အကြူးနိုင်ဆုံးလူသားလားမှတ်ရတယ်..။

လာကြိုတဲ့ အကိုတစ်ယောက်ဆီက ဆိုင်ကယ်ယူပြီး အန်တီဆရာမနဲ့ ဟေမာနဲ့တစ်တွဲ တီချယ်လဲ့နဲ့ စီးချင်နေတဲ့ ယွန်းမြတ်ဝတီကတော့ အန်တီဆရာမကြောင့် စီးခွင့်ရခဲ့ ဟိုက ကြည့်ရတာမဟုတ်တော့ အုတ်ဖိုကိုသာတင်မယ်ချည်းလုပ်နေတာ အန်တီဆရာမ ပြောပေးမှသာ မျက်စောင်းကြီးထိုးပြီးကြည့်နေတာ ဟေမာဆိုတာ ပါးစပ်ကို မစိနိုင်ဘူး ရယ်လွန်းလို့ ခွက်ခနဲကို လက်ဆိပ်တက်တဲ့ ချစ်ရသူရဲ့ ခေါက်လိုက်တာကိုသာ ခံရတယ် ။ ဆိုင်ကယ်သုံးစီးမှာ အထုပ်တွေနဲ့ အကိုတစ်ယောက်နဲ့ အဖေရယ် အကိုတစ်ယောက်ရယ် အမေနဲ့ အုတ်ဖိုကိုတော့ တစ်စီးတည်းတင်ခေါ်သွားတယ် အမေတို့ဖြင့်သွားတာ အိမ်တောင်ရောက်တော့မယ် ယွန်းမြတ်ဝတီနဲ့ တီချယ်လဲ့ကို တစ်ယောက်နဲ့တစ်ယောက် ပေစောင်းစောင်းနဲ့ ရန်သက်လို့ မပြီးသေးချေ။

''ပူတူးကလေး ကိုင်ထားနော် ဗန်းမော်လမ်းလိုအန်တီတို့ရွာသွားတဲ့ လမ်းကမကောင်းဘူးကွယ် လိုက်စီးရဲတယ်မလား အန်တီ့နောက်က''

''အန်တီသာ မောင်းမယ်ဆိုရင် ကမ္ဘာအပြင်ဘက်ဆိုလည်း လိုက်ဖို့အသင့်ပါပဲဗျာ ဆိုင်ကယ်မကလို့ လေယာဥ်ပဲတက်​မောင်းမောင်း ပူတူးတို့ကအသင့်''

''အမလေး မျက်စိကိုနောက်တယ် အတွဲတွေများ မဟေတို့ မြန်မြန်သွားကြတော့ မဟုတ်ရင် ငါဗန်းမော်ပြန်လိုက်လို့ ဘာမှတ်နေလဲ''

''ဟား ယွန်းမြတ်ဝတီကတော့လေ အန်တီဆရာမ ပူတူးတို့ သွားကြစို့ အဲ့ဂေါက်ကြာင်မကို လွှတ်ထားလိုက်တော့''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Kde žijí příběhy. Začni objevovat