အပိုင်း ၂၉

1.5K 100 7
                                    

       ''ဟဲ့ ဟဲ့ မဟေ ဟိုးဘက်က မြစ်ထဲမှာ ငါးဖမ်းလို့ရသလားဟ ပိုက်ကွန်တွေမြင်လို့လေ ပြီးကျ ​ဘယ်လိုဖမ်းရလို့ သိချင်သားဟ''

''ဘာလို့ နင်ငါးဖမ်းချင်လို့လား မလုပ်နဲ့ ငါလည်း ရေမကူးတက်ဘူး ဂေါက်ကြောင်ရဲ့မိန်းမတောင် မရသေးဘူးနော်''

''မဟုတ်ပါဘူး မဟေကလည်း အဲ့က ငါးဖမ်းတဲ့ ဦးလေးကြီးတွေဆီက ငါးဝယ်မယ် ပြီးကျကင်မယ်လေအေး ထန်းရည်နဲ့ဆို ကွက်တိမှ မက်စိပဲ ''

''အေး ငယ် အဲ့အကြံမဆိုးဘူးဟ ထန်းရည်က ခုမှ ချဖို့တက်တုန်းဆိုတော့ မှာထားပြီးပြီပဲ ပြောပြီး လစ်ကြစို့ လာလာ ကြာတယ် သွားကြရအောင် အကျော် ရှေ့ကသွား''

''အမလေးဟယ် နောက်ဆုံးတော့ ငါပဲ ရှေ့က သွားရတယ် မပြောချင်ဘူး''

''နင်က အာဏာရှိတယ်လေဟ ဘာပဲ ဖြစ်ဖြစ်ငါတို့ အားကိုးရမယ်လေ ဟဲဟဲ''

''ဒါနဲ့ ငယ် နင်တို့ညီအစ်မနှစ်ယောက်က ဘယ်လိုဖြစ်ပြီး ငါတို့ရွာသူတွေမှလည်းဟယ် ငါတို့ တီချယ်တွေကတော့ ခလေးတွေထိန်းရတော့မှာ အသေအချာပဲဟယ်''

''အမယ် အပြုံးမ အဲ့လောက်လည်း မဆိုးပါဘူးဟ နင်ကလည်း နင်တို့ ရွာသူတွေက ပြူစားတက်လို့နေမှာ ငါတို့ မချစ်ပဲမနေနိုင်ဖြစ်တာ''

''မဟေပြောတာ အဟုတ်ပဲ ဒါပေမဲ့လည်း ပြူစားတယ်လို့သာပြောတာ ပုံမှန်အလုပ်ပဲ သူတို့လုပ်နေကြတာပါ အဲ့ဒါကိုက ငါတို့ကိုပြုစားသလိုဖြစ်သွားတာ ငါတော့ ဒီရွာသူသာပြုစားရင် အသည်းနှလုံးပါ တွေးမနေပဲ ကျွေးလိုက်ချင်ရဲ့''

''ယွန်းမြတ်ဝတီကိုတော့ ဘယ်ဆရာဝန်မှလည်း ကုလို့ရမယ်မထင်ပါဘူးဟယ် ပြောသာပြောရတာ ဒီဂေါက်ကြောင်ပြောတာလည်း အဟုတ်ပဲ အန်တီဆရာမဖြင့် သူ့ဘာသာအေးအေးဆေးဆေးလေးပဲ သူ့ပုံစံလေးအတိုင်းပဲနေတာပါကွာ ငါ့ရဲ့နှလုံးသားလေးကလည်း အေး အဲ့ဒီအေးတိအေးစက်ကလေးမှတဲ့ ''

''ဟုတ်ပ ယွန်းက အချောလေး ငယ် နင်တို့ ညီအစ်မတွေက အကုန်အချောတွေပဲနော် လိုက်ကြပါတယ် တို့ရွာက တီချယ်အချောတွေကို ရအောင် ယူနိုင်ကြတာ''

''ယွန်းကို ကုဖို့တော့ ဘယ်ဆရာဝန်မှ မလိုအပ်ဘူး တီချယ်လဲ့တစ်ယောက်ပဲ ကုလို့ရတာ ကုတာတောင် ရိုးရိုးမရဘူးနော် ချစ်တယ် လို့ ပြောရင် ယွန်းမြတ်ဝတီ ကျန်းမာရေးဟာ ဆင်ကိုးကောင်နဲ့ ပြိုင်ချလို့ရတယ်''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now