အပိုင်း ၁၅ (unicode&zawgyi)

1.7K 89 4
                                    

         ချစ်ရသူနဲ့ နှစ်ယောက်တည်း လက်ချင်းချိတ်ပြီး လျှောက်သွားရတဲ့အချိန်ကတော့ ဟေမာန့်ဘဝမှာ အပျော်ဆုံးအချိန်ပဲဖြစ်တာပေါ့။ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် လူတွေလည်း အတော်တော့လာကြတယ် ထင်တာပေါ့။ ခု့ရက် လူပါးမယ်ထင်ခဲ့ပေမဲ့  လေလေးတအေးအေးနဲ့ သာယာနေတော့ နေ့လည် ၁၂လောက်ပဲ ရှိသေး ဆိုင်ကယ်တောင် အပ်လို့မရတော့ဘူးဆိုပဲ။ ဟေမာတို့ရန်ဖြစ်တုန်းက ဒဏ်ရာကိုချုပ်ပေးတဲ့ ဘေးအိမ်က ဒေါက်တာအစ်မတို့နဲ့ ဆုံတုံးလေးသူတို့ ခပ်ငြီးငြီး​ပြောနေကြခြင်းသာ။ တစ်ချို့ကလည်း အန်တီဆရာမရဲ့ လက်ကို ချိတ်ထားသည်မို့ နားမလည်သလိုကြည့်သလို တစ်ချိုကြတော့လည်း တီးတိုး။

         'ဟဲ့ ငါတို့ ဘေသွားဆောင်တဲ့ ရုံးက အစ်မမလား။ ဘေးက ဆရာမနဲ့က အတွဲတွေလားမသိဘူးနော် အားကျလိုက်တာ။''

တစ်ချို့ကျ

   ''တူရီးနှစ်ယောက်စလုံးက အချောတွေပဲဟေ့။''

ထိုအသံကြားရင်ကို အနားက မိနန်းတစ်ယာက်ထခွီပါလေရော။

''ဟဲ့ဟဲ့ မိဟေ ဟိုမှာ ရတနာတို့ အေးမြတ်သူတို့ ဝဏ္ဏတို့မလား။''

''ဟုတ်ပ ။''

ထိုအခါ အာသွက်လျှာသွက်ရှိတဲ့ နန်းက

''ဟေ့ ရတနာတို့ မတွေ့တာတောင်ကြာပြီ။''

''အေးဟ ငါလည်း လွယ်ဂျက်ဘက်သွားနေလို့။ ''

ပြောရင်း ရတနာအကြည့်တို့က တင်းနေအောင်ဆုပ်ကိုင်ထားတဲ့ ဟေမာန်တို့နှစ်ယောက်ရဲ့ လက်အစုံဆီရောက်ပြီး မျက်နှာပျက်သွားခြင်းသာ ဒါကို သိတဲ့ နန်းက။

''ရတနာ ငါတို့ သတင်းကောင်းပါတယ်သိလား မိဟေနဲ့ အန်တီနဲ့က ချစ်သူတွေဖြစ်သွားကြပြီဟ။''

''ဟုတ်လား ဝမ်းသာပါတယ်ဟ။''

မျက်နှာအမျိုးမျိုးနဲ့ သူတွေကို ဟေမာန်မခင်ချင်ပါ ကိုယ်ကသာ အရမ်းခင်နေတာ သူတို့က ရပ်ကွက်ချစ်တွေဆိုတော့ လာရောပြီး ရမလားအချိုးနဲ့ နှစ်ကျပ်ကွက်လာနင်းတာလေ။ ပြီးကျ မြေခွေးတစ်ကောင်လိုပဲ ဟိုဘက်တစ်မျိုးပြော ဒီဘက်တစ်မျိုးပြောနဲ့ သိပ်ကြောက်ဖို့ကောင်းပါရဲ့။ အန်တီဆရာမမို့လို့ပေါ့ အန်တီဆရာမ မဟုတ်ပဲ တစ်ခြားဒေါသထွက်လွယ်တဲ့သူဆို ပါးကတော့ ဖြောင်းခနဲနေမှာ အသေအချာပါပဲ ။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now