အပိုင်း ၁၈ (unicode&zawgyi)

1.5K 103 6
                                    

ဟေမာန်ဆယ်တန်းရောက်တော့ အဆောင်မှာ နေရခြင်းပင် ဟေမာန်အရမ်းပျော်ခဲ့တယ်။ အကြောင်းကတော့ မနက်လေးနာရီလည်း မထရသလို ကိုယ်မမြင်ချင်တဲ့ မျက်နှာတွေကိုလည်း မမြင်ရရလို့ သူငယ်ချင်း လေးယောက်စလုံး အဆောင်ပြောင်းနေရပြီး ထိုဆယ်တန်းဆောင် အဆောင်မှူးက တီချယ်ကြီး ဥမ္မာဖြစ်ပေမဲ့ တီချယ်ကြီးက အိမ်ထောင်သည်မို့ တီချယ်လဲ့ကပဲ အဆောင်မှူးတာဝန်ကို တွဲယူထားရသည်လေ ဟေမာတို့အုပ်စုနဲ့ တီချယ်လဲ့နဲ့မှာလည်း အလွန်ရင်နှီးလာခဲ့တယ်။

''ကဲ သားတို့သမီးတို့ကို တီချယ်တစ်ခုပြောစရာရှိတယ်ကွယ်''

''ဟုတ်ကဲ့ပါ တီချယ်''

''ဒီလိုကွဲ ဒီမှာက မိန်းကလေးအဆောင်နဲ့ ယောင်္ကျားလေးအဆောင်ဆိုပြီး ရှိတယ်မလား တီချယ်နဲ့ တွဲဖက် ခေါင်းဆောင်လေးတွေထားချင်လို့ကွယ်''

''ဟုတ်ကဲ့ပါ တီချယ်''

''ဒီလိုဆိုတော့ သားတို့သမီးတို့အထဲ ရွေးထားတာများရှိသလားရှင်''

''မရှိပါဘူး ရှိပါတယ်''

''ကဲပြောကြည့် ရှိပါတယ်ဆိုတဲ့ ကလေးတွေ''

''ဟေမာန်တို့တစ်သိုက်ကတော့ မရှိပါဘူးတဲ့ အဟိ

''သြော် တီချယ့်ကလေးတွေက အဲ့လိုညီတာလားရှင်။''

''အာ တီချယ်ကလည်း''

''ကဲ မဲခွဲကြမယ်ကွယ်''

နောက်ဆုံးမတက်သာလို့ မဲခွဲလိုက်တာ ဟေမာန်က ခေါင်းဆောင်ကြတယ်။ ယောင်္ကျားလေးတွေဘက်က ကျော်ကျော်မျိုးကြတယ်တဲ့။ တမင်ကို မဲထည့်လိုက်တဲ့သဘော ကဲ ငါ့ကောင်ကြီးရေ ရဲရဲတောက် ဗလပြရမည်အချိန်ပေါ့ကွာ သေချာတယ် အဆင်လေးတွေ ငမ်းတော့မည်ဆိူတာ အခုလည်း ငမ်းတာပဲကို ။..

''တီချယ် ပေးသမီးကို ဆွဲခြင်းလေး''

''ဒါနဲ့ လက်ထဲက ဘာတုန်းရှင်''

''သြော် ဒီမှာလေ တီချယ်ပဲ ခရေပန်းပန်ချင်တယ်ဆို ငယ် အယ် သမီးသီလာတာပါ''

''တီချယ်က စတာကို သမီးရယ် ဒီလိုလုပ် သမီးလို့ တီချယ်လည်း မခေါ်တော့ဘူး ငယ်လို့ပဲ ခေါ်တော့မယ်''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now