အပိုင်း ၈ (unicode&zawgyi)

2.1K 107 8
                                    

   ''သမီး မိဟေရေ သမီးသူငယ်ချင်းတွေလာတယ် သွားကြ သားတို့သမီးတို့ရေ။ သူ့ဆရာမနဲ့ ထမင်းစားနေကြတာနေမယ်။ ခု့နကပဲ အန်တီဟင်းသွားပို့ပေးထားတာ တက်သွားကြနော် ပြီးမှ ဦးတို့ အန်တီတို့ လာခဲ့မယ်။ ''

''ဟုတ်ကဲ့ပါ အန်တီ သမီးတို့ သွားလိုက်အုံးမယ်နော် ။ မိ​ဟေ ငါတို့ ဝင်ခဲ့ပြီနော် ထမင်းဝိုင်းပဲဟေ့ ဗိုက်တောင်ပြန်ဆာသွားပြီ။''

ထိုအသံသည် ယောကျာ်းလေးနှစ်ယောက်အသံမဟုတ်တာ သေချာသည်လေ ။ ထမင်းစားပွဲဝိုင်းလေးဖြစ်တာကြောင့် အားလုံးပဲ တင်ပြင်ခွေလေးတွေလာထိုင်ကြသည်။

''ဘာလို့ကျွေးရမှာလဲ ကိုယ့်အိမ်မှာကိုယ်စား ။''

''လာလေ သားတို့သမီးတို့ ထမင်းစားပြီးခဲ့ကြပြီလား တစ်ခါတည်း စားကြပါလား အားမနာကြနဲ့ကွယ်။''

''သားတို့က စားပြီးသွားပြီ ဒီအငတ်တစ်ကောင်ပဲ ကျန်တော့တာ။''
လို့ နန်းကို လက်ညိုးထိုးပြရင်း အာကာက ပြောတော့ ထမင်းဝိုင်းမှာ ထမင်းပန်ကန်ထဲ ထမင်းကို အဆင်သင့်ထည့်ထားပြီးဖြစ်နေပြီ

''လာပါ သမီးနန်းရယ် အားမနာနဲ့ကွယ်။ ''

ကိုယ့်ကို အားနာနေမှန်းသိလို့ အတင်းကို ခေါ်နေရခြင်းသာ။ ဒီကလေးတွေကို ကိုယ်လည်း သံယောဇဥ်ဖြစ်နေပါပြီ။ ကျောင်းမှာလည်း ကျောင်းသံယောဇဥ် ကလေးလေးတွေရှိ့သလို့ ခုလို အိမ်သံယောဇဥ်ကလေးလေးတွေလည်း ရှိ့နေပြန်ရော။ ''

''ဝါး ကြက်သားဟင်းက အရသာရှယ်ပဲ ဒါအန်တီချက်ထားတာလား။ ဟိုနှစ်ကာင်စားကြပါအုံး ကြက်သားကာလသားချက် ။ ဒါက သရက်ချဥ်သုပ် ဟီး စားလို့ကောင်းလိုက်တာ အမလေး မိဟေရယ် နင်မျက်စောင်းကြီးထိုးလည်း ငါမနင်ဘူး စားလို့ကိုကောင်းနေတာ။''

ပြောင်စပ်စပ်နဲ့ ပြောနေကြတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပြီး ပြုံးနေရုံသာပဲ။ ကိုယ်ဝင်လို့မရဘူးလေ အတက်ကလေးတွေ ခုခေါတ်ကလေးတွေများ။

''အေးပါဟယ် စားပါ ဟုတ်တယ် အန်တီဆရာမရယ် ချက်ထားတာပါ အကြောင်းမသိဆိုတော့။''

''တကယ်အန်တီလက်ရာက ရှယ်ပဲ တကယ်ပဲ ရုပ်ကလည်းချော အရပ်ကလည်းရှည် စိက်ထားကလည်း ပြည့် ဟင်းချက်လက်ရာကလည်းတော် ဒါကြောင့် မိဟေ ဝိတ်ချတိုင်း မကျဖြစ်နေတာကို။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now