အပိုင်း ၂၂ (unicode&zawgyi)

1.5K 96 6
                                    

   ဟေမာန့်အသံ မျက်နှာနီပြီး ဒေါသထွက်နေသည်မှာ နန်း သာမက Customer တွေပါလန့်သွားခဲ့တယ် ။တီချယ်လဲ့ရဲ့ အသံက တုန်ရီနေတယ် အပြစ်သားတစ်ယောက်ယောက်လိုမဟုတ်ပါပဲ အကူအညီလိုနေတဲ့ အသံလိုမျိုးဖြစ်နေတယ်။ အကယ်၍အကူအညီလိုတယ်ဆိုရင်တောင် အန်တီဆရာမကို တိုက်ရိုက်ဖုန်းဆက်လို့ရတာပဲ အနည်းဆုံးတော့ ဘယ်နေရာလဲဆိုတာ အန်တီဆရာမ သိနေပြီပဲ အချိန်အားဖြင့် နေ့လည်ထမင်းစားနာချိန်ရောက်နေပြီ..။ဆိုင်မှာက ဟေမာန်တို့ကိုအရမ်းခင်တဲ့ မန်နေဂျာအကိုရောက်နေတော့ ရုံးကိုရောက်နေတာမို့ တော်သေးတယ်။ အကိုကလည်း LGBT gayတစ်ယောက်ဆိုတော့ အရာရာကို ရင်ဖွင့်တိုင်ပင်လို့ရပေတယ်။

  ဆိုင်ကယ်ကို ခပ်မြန်မြန်သာမောင်းလာခဲ့တယ် နှစ်မိုင်ဆိုတဲ့နေရာက လူလည်း ပျက်တယ်ဘာအတွက်ကြောင့် တီချယ်လဲ့က အဲ့ဘက်ကို သွားရတာလဲ စဥ်းစားရင်း လိုက်မမှီတော့ဘူး.။..ဆိုင်ကယ်တွေဖမ်းနေလို့ ရှောင်ရတာက တစ်မျိုး ဆိုင်ကယ်အများဆုံးသုံးတဲ့နေရာမှာ ဆိုင်ကယ်လာဖမ်းနေကြတယ်တဲ့ လခွမ်းမှပဲ...ထူးထူးခြားခြားဆောင်းရာသီမှာ မိုးရွာတဲ့နေ့လေးဖြစ်နေတယ်..။

''ဟဲလို ပူတူးကလေးလား ထွက်လာနေပြီလားကလေး အန်တီခုနေ့ နေသိပ်မကောင်းလို့ ဆေးခန်းသွားချင်လို့ကွယ် ဖြစ်နိုင်ရင် မြန်မြန်လာခဲ့ပါလား''

ဆိုင်ကယ်လေးတစ်စီး အရှိုန်နဲ့မောင်းလာတာတွေ့ရတယ် အဖမ်းအစီးပေါတဲ့ဒေသမို့ ဆိုင်ကယ်အုပ်ထုတ်ကိုသေချာဆောင်းထားပြီး အုပ်ထုပ်မှန်ကာပါချထားတယ်။ သေချာတာပေါ့ ဒီဆိုင်ကယ်က ငယ်လေးဆိုင်ကယ်ဆိုတာ ကိုယ့်ဆိုင်ကယ် ဆီပျက်သွားတဲ့နေရာက တကယ့် လူရှင်းပြီး အရက်ဘီယာဆိုင်ကြီးအနားဖြစ်နေတော့ ဘယ်သူ့ကိုမှ မကူအညီမတောင်းရဲ့ပါ ဦးနောက်ထဲပေါ်လာရာကို နှိပ်လိုက်ရခြင်းပေါ့ ။ထိုဆိုင်ကယ်က အနားမှာလာရပ်ပြီး ပြာပြာသလဲဆင်းလာတော့ ယူနီဖောင်းလေးကို အပေါ်ကနေကုတ်တစ်ထည်နဲ့ ထပ်ဝတ်ထားတယ်လေ အနားရောက်မှ ဆိုင်ကယ်အုပ်ထုပ်ချွတ်လိုက်မှ။

''ဟမ် ''

''ဟို တီချယ် တီချယ်လဲ့မလား သမီးက မိဟေသူငယ်ချင်း နန်းလွင်ခမ်းပါရှင့် အရင်သွားပေးထားပါဆိုလို့ အရင်လာလိုက်တာပါ ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now