အပိုင်း ၁၄ (unicode&zawgyi)

2K 105 9
                                    

      ဒီနေ့က ကိုယ့်ရဲ့မွေးနေ့လေးဖြစ်တာကြောင့်မို့ ကလေးတွေကို မုန့်လိုက်ကျွေးရမည်ဖြစ်သည်။ ကလေးတွေကတော့ ရွှေကျီးနားဘုရားလိုက်ပို့ပေးအုံးပါမည်တဲ့။ ပူတူးငယ်လေးရဲ့ အဖေနဲ့အမေကတော့ မနက်ကတည်းက ဘုန်းကြီးကျောင်းကို သွားကြပြီ။ ခုနေ့က အဖိတ်နေ့ဖြစ်တဲ့အတွက် မနက်ဖြန် ဆွမ်းအုပ်ပို့ တရားနား ပြီးကျ ကထိန်လည်း ရှိတယ်။ မနက်ဖြန်တော့ ကထိန်တရားတော်နာသွားရမည်။ ကိုယ့်အရပ်ဒေသမှာဆို ဒီအချိန်လေးက အရမ်းပျော်စရာကြည်နူးစရာကောင်းပေးသည်။ ...

   ''ညက အိပ်ပျော်ကြရဲ့လားကွယ်။''

''အိပ်ပျော်ပါတယ် အန်တီရယ် ဒါနဲ့ မိဟေရော ဟင်။'

''အိပ်တုန်းပေါ့ရှင် ဒီအချိန်ဘယ်တုန်းက နိုးဖူးလို့ မေးနေတာပါလိမ့်။''

''အဲ့ဒါဆို သမီးသွားနှိုးလိုက်မယ်လေနော် မနက်ကနေ နေ့လည်ရောက်သွားလိမ့်မယ်။''

''အေးကွယ် သွားနှိုးချေ လာ သားတို့သမီးတို့ရေ ခုနေ့မနက်တော့ ရှမ်းခေါက်ဆွဲအလှည်ကျပြီ။''

''ရပါတယ် အန်တီရယ် သားတို့က ဘာပဲဖြစ်ဖြစ်ရပါတယ် အန်တီ့ကို အလုပ်ရှုပ်စေမိပြီ။ ''

''မဟုတ်တာ လာသမီးရော အားမနာကြနဲ့ကွယ် အဝသာစားကြနော် ကိုယ့်မွေးနေ့လေးမှာ ခုလိုလေးကို မြင်ရတာ စိက်ချမ်းသာလို့ကွယ်။''

''တို့ဆရာမကတော့ အရမ်းအလိုက်သိတယ်ဝေ့ ဒါကြောင့် မိဟေအသက်ဖြစ်နေတာကို။''

  သမီးနန်းတစ်ယောက် ပူတူးငယ်လေးကို သွားနှိုးနေတာ ပြန်ကို ပေါ်မလာကြတော့ဘူး။ အိပ်ပုတ်ကလေးနဲ့တော့ ခက်ပါဘီ။ မဖြစ်ပါဘူးလေ လိုက်နှိုးအုံးမှ အထဲက အသံကျယ်ကျယ်လေးကြားနေရတာမို့ အခန်းတံခါးဝကနေ ရပ်ပြီးတော့ပဲ ကြည့်နေမိတော့တယ် ။

   ''ဟဲ အိပ်ပုတ်မ ထတော့ ထတော့ ကိုးနာရီထိုးတော့မယ် ငါတို့ ဘုရားသွားကြမှာလေ။''

''ဟွန်း အန်တီဆရာမကလည်း ငါးမိနစ် ငါးမိနစ် ချစ်တယ်လေနော်။''

''အိပ်ချင်မူးတူးနဲ့ ငါဟဲ့ အန်တီမဟုတ်ဘူး။''

''လေသံကြီးကလည်း မအော်ပါနဲ့ဆို ဒီကအသည်းငယ်တာကိူ လူကိုလာအော်နေတယ် ခဏ ဖက်ထားချင်လို့။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now