အပိုင်း ၁၆ (unicode&zawgyi)

1.6K 97 4
                                    

    ရက်တွေ လတွေပြောင်းသွားတယ် ခုဆို ကျောင်းစုံညီပွဲတော်နေ့တောင် ရောက်လာတော့မည်။  အန်တီဆရာမကတော့ ပြောပါတယ် အုတ်ဖိုမက တတိယဆုရမယ်လို့ အမေတို့ပြောတာတောင် သတိရမိသေး ဘာတဲ့ ညီမနဲ့သာ အစောတွေ့ခဲ့ရင် ဒီအုပ်စု ဂုဏ်ထူးအသီးသီးနဲ့ကို ထွက်မှာတဲ့ ခုတော့ဖြင့် ဆယ်တန်းကို အကုန်ကျပါလေရောတဲ့။ ညှိ့များ ညှိ့ထားသလားမှတ်ရတယ်တဲ့ အုတ်ဖိုက ပုံမှန်ဆို 1to10ဆိုပေမဲ့ အဆင့် ၆ ၊၇လောက်ရောက်နေကြဆိုပါတော့ ခုတော့ဖြင့် တတိယဆုဆိုတော့ အတော်တိုးတက်လာတယ်ပြောရမည်။

   ''ဟဲ့မိဟေ ငါလေ အန်တီ့ကို ဘယ်မှာတွေ့ခဲ့တယ်ထင်လဲ''

''ဘယ်မှာတွေ့လို့လဲအေး (နောက်ဆုံးအသံထွက်အေးဆိုတာသည် ဗန်းမော်သူတွေရဲ့ အသုံးအနှုန်းလေးသာ'

''ဟိုဟာလေ ရွှေကိုကြီး (ဆိုင်နာမည် တမင်ထည့်ထားခြင်းသာ) မာလာရှမ်းကောဆိုင်မှာတွေ့ခဲ့တယ် အမျိုးသားတစ်ယောက်နဲ့ ''

''ဘယ်လို ဘယ်လို အမျိုးသားတစ်ယောက်နဲ့''

''ဟုတ်တယ်ဟ အန်တီက ပျော်လို့ ပြီးကျလေ စကားတွေပြောနေတာများ ပြုံးလို့အေး''

''ဘယ်လို တော်ပါတော့ ဆက်မပြောနဲ့တော့ဟာ''

''ဟဲ နင်ဘယ်သွားမလို့လဲ''

စိက်ထဲ ဝမ်းနည်းမှု့က ကြီးစိုးသွားခဲ့တယ် အမျိုးသားတစ်ယောက်နဲ့ဆိုင်ထိုင်ရလောက်ထိ အန်တီဆရာမမှာ ရင်းနှီးသူမရှိပေ တစ်ဆက်တည်းမှာပင် သိမ်ငယ်စိက်ကလေးက ဝင်လာပါရော မဖိတ်ခေါ်ပဲ အလိုက်တသိမျက်ရည်ဆိုတာကလည်း ကျလာရော အရာရာ ဂျစ်ကန်ကန်မာမာကျောကျောက အန်တီဆရာမနဲ့ ပက်သက်ရင် အလိုလို အရည်ပျော်နေပြီးသားမို့ ဆိုင်ကယ်ကို အရှိုန်အမြန်းနှုန်းတင်တာ ထိုဆိုင်လေးကို မောင်းလာခဲ့တယ် ဆိုင်အရောက် မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ဝကို မီးစနဲ့ အကြိမ်ကြိမ်အထိုးရသလိုမျိုး တစ်ဆစ်ဆစ်နဲ့ ကလေးလေးကို နမ်းရှိုက်ရင်း စကားတွေပြောနေတဲ့ ချစ်ရသူကို ကြည့်ပြီး နောက်ပြန်လှည့်မိခဲ့တယ်။

  အကယ်၍သွားလိုက်ခါမှ  ဟုတ်ပါတယ် ဒါက ဘယ်သူပါ မိတ်ဆက်ပေးရင် အရှေ့မှာပဲ ရူးသွားမယ်ထင်မိပါတယ်။ ချစ်ရသူရယ် ပူတူးလေ ချစ်ရသူကို ဆုံးရှုံးရရင် ပူတူးသေမှာ။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဆိုင်ကယ်လေးဆီအပြေးသွားပြီး စက်နှိုးဖို့ပြင်တော့ အနောက်ကအသံလေးတစ်ခုကြားလို့ လှည့်ကြည့်မိတော့သည်။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now