အပိုင်း ၃၂(ဇာတ်သိမ်းပိုင်း)

3.2K 133 16
                                    

       '' သမီးမိဟေ မြန်မြန်လုပ်အေ အမေတို့နောက်ကျနေတော့မယ် အိပ်ရေးကလည်း ပုတ်တုန်း အကုန်လုံးပြီးနေကြပြီ တကယ်တည်းမှာပဲ ညီမလေး နောက်ဆိုအလိုမလိုက်နဲ့တော့ အစ်မတို့ထက် ညီမက ပိုင်သွားပြီဆိုတော့လေ''

''ဟာ အမေကလည်း ညကတော်တော်နဲ့မအိပ်ရလို့ပါဆို ''

''မဟေ ဘာလိုအိပ်မရတာလဲ မင်္ဂလာဦးညမို့လို့လား ''

''ယွန်းမြတ်ဝတီရယ် နင်မေးစရာလားအေး ဘာတွေမေးနေမှန်းလည်းမသိဘူး''

''ကဲပါ လဲ့ရော မလာသေးဘူးလား အချိန်ကတော့ လိုပါသေးတယ် နေ့လည်မှ ကားအချိန်ဆိုတော့လေ ''

''ငါတော့ ဒီရွာလေးကို လွမ်းနေတော့မှာပဲ ပြန်တောင်မပြန်ချင်တော့ဘူး မိဟေ''

''မပြန်ချင်ရင် နင့်ကိုကိုနဲ့ ယူတဲ့အခါကျ ဒီရွာမှာ လာပြီး မင်္ဂလာပွဲလုပ်ပေါ့ ပြီးကျ ဒီမြို့မှာ တစ်သက်လုံးနေတော့ ''

''တီချယ်လဲ့ကို ယွန်းသွားခေါ်လိုက်အုံးမယ်နော် မဟေတို့သွားနှင့်ကြနော် နောက်ကလိုက်ခဲ့မယ် ''

''ဟုတ်ပြီကွယ် ဒါဖြင့် အန်တီတို့ သွားနှင်မယ် လိုက်ခဲ့ချေတော့နော် အေးဆေးပေါ့ အချိန်တွေအများကြီးလိုပါသေးတယ်''

ယွန်းမြတ်ဝတီရဲ့ ခံစားချက်ကို အကုန်လုံးနားလည်ကြတာပေါ့ နှစ်မိနစ်မျှသာသာ မြင်လိုက်ရတဲ့ မိန်းမတစ်ယောက်ကို ချစ်မိသွားတာ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ကို စွဲလမ်းသွားတာ ခပ်အေးအေးနေတက်တဲ့ ကောင်မလေးတစ်ယောက်က တစ်ခါမှ မမြင်ဖူးတဲ့မိန်းမတစ်ယောက်ကို ​ခဏလေးမြင်ဖူးရုံနဲ့ ချစ်ခြင်းမေတ္တာဆိုတာကို တွေရှိသွားတာ ခုထိုအမျိုးသမီးကိုလည်း တွေ့ရပြီ ဖြစ်ပေါ်နေတဲ့ ခံစားချက် ထိုခံစားချက်ကိုလည်း ထိုအမျိုးသမီးက ကောင်းကောင်းကြီးကို သိနားလည်နေပေမဲ့ နှစ်ယောက်စလုံးက နီးစပ်တဲ့အနေအထားတစ်ခုဖြစ်နေပေမဲ့ ကံတရားက အကြာကြီးဆုံခွင့်တော့မပေးသေးချေ။

     ယွန်းတစ်ယောက် တီချယ်တို့အိမ်ရောက်တော့ တီချယ့်အဖေက ခြံထဲက ခရေပင်က ခရေရွက်ခြောက်တွေကို မီးရှို့နေတယ်။ အဒေါ်ကတော့ မနက်စောစော စျေးသည်လာလို့ ဝယ်နေတာအိမ်ရှေ့မှာ အပေါ်မှာရှိတယ် တက်သွားလိုက်သမီးတဲ့ ယွန်းဒုတိယအကြိမ် တီချယ့်အခန်းလေးထဲ ရောက်ခဲ့တယ် ဒီတစ်ခါတော့ မှန်လေးကိုကြည့်ပြီး သက်ပြင်းခဏခဏချနေတဲ့ ချစ်ရတဲ့အမျိုးသမီး ငိုထားတယ်ထင်ပ မျက်လုံးကလေးတွေ နီပြီး မို့နေတာ။

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Onde histórias criam vida. Descubra agora