Part-1

14.6K 446 4
                                    

Royal ဆေးရုံ၏အဆင့်မြင့်အခန်းထဲမှ ဂျီမင်း အိမ်ပြန်ဖို့ထွက်လာခဲ့သည်..အခုဆိုဖေဖေ့အခြေအနေကလဲ စိတ်ချရပြီမို့ ကိုယ်ပိုင်သူနာပြုနဲ့ခဏထားပြီး ထွက်လာခဲ့သည်....

ဂျီမင်း မေမေကဂျီမင်းမွေးပြီးကတည်းက လူလောကကြီးထဲကထွက်သွားပြီးပြီ...မေမေနဲ့ပတ်သက်တာဆိုလို့ဓာတ်ပုံလေးသာရှိသည်....

ဂျီမင်းတို့သားအဖနှစ်ယောက်ထဲရုန်းကန်နေရတာ...ဖေဖေက Jeon group မှာလုံခြုံရေး...ဂျီမင်းက Royal ဆေးရုံမှာအလုပ်လုပ်တယ်

ဆရာဝန်လို့ပြောလို့မရတဲ့သူနာပြုတစ်ယောက်..

ဂျီမင်းကငယ်ငယ်ကတည်းက စာတော်လို့ဆေးလိုင်းကိုမှီခဲ့တယ် အချိန်ပိုင်းအလုပ်လုပ်ရင်းရလာတဲ့ငွေရယ် ထောက်ပံ့ကြေးရလာတဲ့ငွေရယ်နဲ့ ဆေးကျောင်းတက်ခဲ့တယ်...

ဖေဖေ့ကျန်းမာရေးအခြေအနေအရ ဆေးဖိုးတွေကြောင့် ဂျီမင်းနောက်ဆုံးနှစ်ကိုဆက်မတက်နိုင်ခဲ့ပေ..

ဂျီမင်းလိုဆေးကျောင်းလဲမပြီးပဲ ဘာလို့ Royal အဆင့်မြင့်ဆေးရုံမှာအလုပ်ရနေလဲဆိုတော့ 'ဉီး' ကြောင့်သာ..

ဉီး ဟုတ်တယ် ဉီးက Jeon group ပိုင်ရှင် ဂျွန်မင်ဟို ..Royal ဆေးရုံရဲ့ပိုင်ရှင်ဆိုလဲမမှား..သူ့ကြောင့်သာအခုဆေးရုံမှာအလုပ်ရနေတာ..

ဆရာဝန်လိုတော့မဟုတ်ပေမယ့် ဆေးထိုး၊ ဆေးစစ်၊ ဆေးပေး တို့ကိုလုပ်ပေးရသည်..အခုဆိုခွဲခန်းတွေတောင်ဝင်နေရပြီ...လစာကိုတခြားဆရာဝန်တွေလစာလောက်တော့မရပါ..ဒါတောင်အပြောခံရသေးတယ်..

အခုလဲဖေဖေ့ နှလုံးခွဲစိတ်မှုကိုလဲ ဉီး ကပဲတာဝန်ယူပေခဲ့တာ..သူတို့သားအဖလိုသာမာန်လစာစားလေးတွေက ဘယ်လိုများဒီလိုခွဲစိတ်မှုကြီးကိုတက်နိုင်မှာလဲ..ဉီး ကြောင့်သာ

ဦး ရဲ့ကျေးဇူးတွေကသူတို့အပေါ်မှာတော်တော်ကိုများနေခဲ့ပြီ..

ကျေးဇူးတရားနဲ့ချည်တဲ့ကြိုးတွေက တော်တော်ရုံးရခက်တယ်...

ဂျီမင်းအောက်ထပ်ရောက်တော့ နောက်ဆုံးပေါ်အနက်ရောင်ကားတစ်စီးကရောက်နှင့်နေပြီ...

"Boss ကခေါ်ခိုင်းလိုက်လို့ပါ"

ဂျီမင်းခေါင်းညိတ်ပြီးကားပေါ်တက်လိုက်သည်..Jeon group ကိုရောက်တော့အပေါ်ဆုံးထပ်က ဦး ရဲ့ရုံးခန်းထဲကိုတန်းသွားလိုက်သည်..

POSSESSIVE BOY [ Completed ]Where stories live. Discover now