Part-6

5.2K 329 5
                                    

ဂျီမင်း နေ့လည်ပိုင်း ဆေးရုံကပြန်လာတော့ အလုပ်သမားတွေအရင်နေ့ကထက် အလုပ်ရှုပ်နေကြသည်။ ဧည့်သည်လာဖို့ရှိလို့များလား။
အပေါ်ထပ်တက်သွားဖို့ လုပ်လိုက်တော့...

"အကိုလေး အကိုလေး ည၇ နာရီလောက် ဧည့်သည်လာဖို့ရှိလို့ အဆင်သင့်ပြင်ထားဖို့ သခင်ကြီး မှာထားပါတယ်"

"ဪ အင်း အခု ဦးက ဘယ်မှာလဲ"

"အလုပ်ကိုသွားပါတယ် စောစောပြန်ခဲ့မယ်လို့တော့ ပြောပါတယ်"

ဦးက ဧည့်သည်တွေလာမှာတောင် အလုပ်သွားမပျက်ပါ။ ဂျီမင်းဒီကိုရောက်ပြီးကတည်းက အချိန်ပေးတယ်ဆိုလို့ တစ်ရက်လောက်သာ ရှိသေးသည်။ ညစာစားတဲ့အချိန်ပဲ တွေ့ဖြစ်ပြီး ကျန်တဲ့အချိန်ဆိုတော်တော်လေး ရှားပါ၏။

ဟူးးးးးးးးးး

"ဘာတွေသက်ပြင်းချနေတာလဲ သူများအိမ်နမိတ်မကောင်းအောင်"

"အမေ့..."

ဂျီမင်းကိုယ့်အတွေးနဲ့ကိုယ် အခန်းရှေ့ရပ်နေမိတာကို သူ့အသံကြီးကြောင့် လန်းသွားရသည်။ ဘယ်နားတွေက ဘယ်လိုပေါ်ပေါ်လာမှန်းမသိ အမြဲအလန့်တထိတ်..

သူကိုဂရုမစိုက်ပဲ အခန်းထဲဝင်မလို့လုပ်တော့ အတင်းဆွဲပြစ်တာ သူ့ရင်ခွင်ထဲအံဝင်ခွင်ကျ ။ တစ်ယောက်ယောက်မြင်သွားရင် မကောင်းတာကြောင့် ရုန်းလဲလွှတ်မပေး..

"ကျတော့်ကို ဂရုမစိုက်သလိုလာမလုပ်နဲ့ သတိပေးစရာရှိလို့"

"ဘာလဲ"

"ညနေအိမ်ကို အရေးကြီးတဲ့ဧည့်သည်တွေလာမယ် ကောင်းကောင်းပြင်ဆင်ထား"

"ငါသိတယ် လွှတ်"

လက်ကိုလွှတ်ပေးတာနဲ့ အခန်းထဲတန်းဝင်လာခဲ့၏။ ဘာမှလဲဟုတ်တာမဟုတ်ပဲ အရေးကြီးခွင်ကျယ် လာလာလုပ်တယ်။

ဂျောင်ကုအခန်းထဲကထွက်လာတော့ ထိုလူကအခန်းရှေ့မှာ ရပ်ပြီးသက်ပြင်းတွေ ချနေတာကိုတွေ့တော့ ပြောစရာမရှိပေမယ့် စကားသွားပြောချင်နေတာ။ တွေးရုံရှိသေးလူက သူ့အနားကိုရောက်နေပြီ။ ပြောစရာမရှိဘာတွေပြောလိုက်မိလဲ မသိတော့။ သူ့မျက်နှာကို မြင်ရတော့မှ စိတ်သက်သာသွားသလိုမျိုး။ ဘာတွေဖြစ်နေမှန်းကို မသိတာ။

POSSESSIVE BOY [ Completed ]Where stories live. Discover now