Part-25

4.9K 267 9
                                    

"ဟုတ်ကဲ့ Kai ဘယ်အပိုင်းက မှားနေတာလဲ ကျွန်တော့ထဲမှာတော့ မှန်နေတာ "

ဂျီမင်းဖုန်းကို လက်တစ်ဖက်က ထိန်းကိုင်ကာ လက်တစ်ဖက်က Kai မှားနေတယ်လို့ပြောတဲ့ စာရင်းကိုရှာနေလိုက်သည်။ စာရင်းတွေသေချာစစ်ပြီးရင် အကိုယွန်ဂီကိုအပ်ရတော့မှာဆိုတော့ သူ့ဆီရောက်မှ အမှားတွေ့ရင်မကောင်းတာကြောင့် Kai ပြောတဲ့အပိုင်းမှာ ရှာနေပေမယ့် တကယ်ကိုမတွေ့တာ....

"ဟိုလေ Kai ကျွန်တော့ထဲမှာမတွေ့လို့ အားတော့နာပေမယ့် ကျွန်တော်လို့ထပ်တွေ့လို့ အဆင်ပြေပါ့မလား "

" ....... "

"အာ.. ကျေးဇူးတင်ပါတယ် ရုံးကိုပဲလာခဲ့ရမှာလား "

" ...... "

"ဪ.. အဲ့ကိုလား.."

" ...... "

"မဟုတ်ပါဘူး အဆင်ပြေပါတယ် "

". ..... "

"ဟုတ် ဒါဆိုအခုပဲထွက်ခဲ့ပါ့မယ် "

Kai ဆီကိုသွားတွေ့ဖို့အတွက်အမြန်ပြင်ရသည်။ ရုံးချုပ်ကိုသွားရမှာတော့မဟုတ်။ သွားရမယ့်နေရာကနည်းနည်းလှမ်းပေမယ့် မောင့်ကိုပို့ခိုင်းဖို့ကျတော့လဲ အဆင်မပြေ။ မောင်က Kai ကိုသွားတွေ့မှာဆို ကြိုက်မှာမဟုတ်။ ပြဿနာတွေဖြစ်နေရင်လဲမကောင်း။ ဟိုတနေ့ကိစ္စကလဲရှိသေးတော့ အားနာရသည်။ အခုတောင်နောက်တစ်ကြိမ်ထပ်တွေ့ဖို့ တောင်းဆိုရတာ အားနာစရာကောင်းသည်။ ကိုယ်တင်ပြခဲ့တဲ့ စာရင်းကမှားနေတာကိုး...

အမြန်အဝတ်အစားလဲပြီး Taxi နဲ့သာထွက်လာခဲ့သည်။ နည်းနည်းလှမ်းတော့ Bus နဲ့သွားဖို့အဆင်မပြေတာကြောင့်....

သူပြောတဲ့နေရာကိုရောက်တော့ အဆောက်အဦးထဲကိုဝင်လာလိုက်သည်။

"ပတ်ဂျီမင်း လားခင်ဗျ "

"ဟုတ်ပါတယ် "

"သူဌေးက စောင့်ခိုင်းထားလို့ပါ "

"ဟုတ်ကဲ့ "

အခုရောက်နေတဲ့နေရာက တည်းခိုခန်းဖြစ်တာကြောင့် အပန်းဖြေစရာနေရာတွေနဲ့ အခန်းလှလှလေးတွေအများကြီးရှိသည်။ ဝန်ထမ်းလေးခေါ်ရာနောက်ကိုလိုက်ခဲ့တော့...

POSSESSIVE BOY [ Completed ]Where stories live. Discover now