ဖေဖေသတိရပြီဆိုတဲ့ သတင်းကိုကြားကြားချင်း ဆေးရုံကိုအပြေးသွားလိုက်သည်။ ညကတည်းကသတိရနေတာတဲ့လေ ဒါကိုဖေဖေကမနက်မှပြောဆိုလို့ အခုမှသိရတာ။
ဖေဖေနဲ့ တစ်မနက်လုံး အချိန်းဖြုန်းရင်း စကားတွေပြောနေခဲ့သည်။ ဆေးစရိတ်ကိုစိတ်ပူနေတာကြောင့် စိတ်ပူစရာမလိုကြောင်း ဦးက ကူညီပေးထားကြောင်းကို သေချာရှင်းပြရသေးသည်။ ဦးနဲ့လက်ထပ်ရမယ့် ကိစ္စကိုမပြောချင်သေး ။ အခုမှသတိရတဲ့အချိန် အဲ့အကြောင်းကိုမပြောချင်ပါ။ ဖေဖေကစိတ်မကောင်းဖြစ်မှာ သေချာတာမို့...
ထယ်ယောင်းနဲ့ပြန်တွေ့တဲ့အကြောင်းကိုပြောလိုက်တော့ ဝမ်းသာနေသေးတာ။ ဖေဖေဝမ်းသာတာကိုတွေ့ရတော့ ဂျီမင်းတကယ်ပျော်တယ်။ ဖေဖေကသူ့ရဲ့တစ်ဉီးတည်းသော မိသားစုဝင်မလား..
နေ့လည်စာကို ထမင်းကျွေးလို့မရသေးတာကြောင့် ဆန်ပြုတ်လေးတိုက်လိုက်သည်။ ဖေဖေအိပ်သွားပြီဆိုမှ အိမ်ပြန်လာခဲ့သည်။ ထယ်ယောင်းဆီကိုလဲ နောက်နေ့လောက်ရောက်အောင်သွားရဦးမယ်..
.
.
.
"အ့ ဦးနာတယ် ဖြည်းဖြည်း""ဟင့် မလုပ်နဲ့တော့ နာတယ်လို့"
"ကလေးကငြိမ်ငြိမ်နေလေ လှုပ်နေရင်ပိုနာမှာ"
"ဟင့် မပြီးသေးဘူးလား အ့ နာတယ်"
ဂျောင်ကု ညနေအိမ်ပြန်လာတော့ အပေါ်ထက်တက်ဖို့လုပ်တုန်း ဒယ်ဒီ့အခန်းရှေ့ကကြားလိုက်ရတဲ့ အသံတွေကြောင့် ဒေါသထွက်သွားသည်.. ပတ်ဂျီမင်းက အိမ်မှာသူတို့ပဲရှိတယ်လို့ ထင်နေလားမသိ တော်တော်အရှက်မရှိတာ..
ဂျီမင်းညနေအိမ်ပြန်ရောက်တော့ ကားပေါ်က ဆင်းလိုက်တဲ့အချိန် ခြေချင်းဝတ်ခေါက်သွားလို့ ထကိုမထနိုင်သည်အထိ။ အဲ့တာကြောင့် ဦးက သူ့အခန်းထဲထိ ချီသွားပြီး ခြေထောက်ကို ဆေးလိမ်းပေးနေတာ..
"ကဲ ပြီးပြီ"
"ကျေးဇူးတင်ပါတယ်နော် ဦး ခြေထောက်ကြီးကိုဆေးလိမ်းပေးရတာ အားနာပါတယ်"
"ဦး တို့က အားနာစရာလူတွေမှမဟုတ်တာ ကဲလာ ဦးချီပြီးအခန်းထဲလိုက်ပို့ပေးမယ် "
YOU ARE READING
POSSESSIVE BOY [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ်လုံးဝမရှိပါ ။ # JIKOOK Fanfic