Part-2

5.6K 332 4
                                    

နောက်တစ်နေ့မနက်

ဂျီမင်းလာအကြိုကိုစောင့်ရင်း အထုတ်တွေကိုအပြင်ထုတ်ထားလိုက်သည်။

ခဏနေတော့တိုက်ခန်းရှေ့ကို နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်လာပြီး ကားထဲမှ လူနှစ်ယောက်ဆင်းလာ၏။

"Boss ကအိမ်မှာစောင့်နေပါတယ် အကိုလေး
ကျတော်တို့အထုတ်တွေကို သယ်ခဲ့ပါမယ်"

ခေါင်းညိတ်ပြပြီး ကားပေါ်မှာသာစောင့်နေလိုက်၏။

"ဟဲ့ အဲတာဘယ်သူ့ကားလဲ မိုက်လိုက်တာ"

"သားအဖနှစ်ယောက်ထဲနေတဲ့အိမ်က လှတပတကောင်းလေးလေ သူ့ကိုလာကြိုတာတဲ့"

"ဟဲ့ သူတို့ကဘာမလို့လဲ"

"ဘာလဲတော့ငါမသိဘူး အဲ့ကောင်လေး ဂွင်ကြီးကြီးမိထားပုံပဲ သူ့အဖေလဲ နှလုံးခွဲစိတ်ပြီးပြီ ဘယ်ကပိုက်ဆံတွေနဲ့လဲတော့မသိပါဘူး"

"ချူစားနေတာနေမှာပေါ့ ယောကျာ်းလေးပေမယ့် အဲ့လောက်လှနေတာကို"

"အေး သူများအကြောင်းလဲမပြောချင်ပါဘူးအေ သွားရအောင်"

ပတ်ဝန်းကျင်ဆိုတာဒီလိုပါပဲ သူတို့ထက်သာသွားရင်အပြစ်ရှာမယ် ဆင်းရဲရင်ကဲ့ရဲ့မယ်။
သူ့တို့ကျွေးစာစားနေတာလဲမဟုတ်ပါပဲ...

ဂျီမင်းရောက်တော့ ခြံတံခါးကနေကို ၂ မိနစ်လောက်စီးရသေးသည်။ အိမ်ကြီးကတော့အတော်ကြီးတဲ့ သုံးထပ်တိုက်ကြီးဖြစ်ပြီး ရွှေရောင်နဲ့ အဖြူရောင်ကိုပဲ သုံးထားတာဖြစ်သည်။ ခြံထဲမှာလဲသူ့နေရာနဲ့သူ ပန်းပင်ရေလောင်းသူကလောင်းနဲ့ အစေခံတွေတော်တော်များများရှိ၏။

"ဂျီမင်းရောက်လာပြီလား လာအိမ်ထဲဝင်"

"ဟုတ်ကဲ့ဦး"

"မင်းတို့ အထုတ်တွေကို ဂျီမင်းအတွက်ပြင်ထားတဲ့အခန်းထဲသွားထားပြီး ငါ့သားကိုခေါ်လာခဲ့"

"ဟုတ်ကဲ့ပါ Boss"

ဦး ကဂျီမင်းကို ပခုံးကနေဖက်ပြီးအိမ်ထဲခေါ်သွားသည်။ တခါမှ အခုလိုမျိုး နီးနီးကပ်ကပ်မနေဖူးတာကြောင့် တမျိုးကြီးဖြစ်နေမိသည်။ ကြည့်ရတာ ဦး ကသူအလာကိုစောင့်နေပုံပဲ

POSSESSIVE BOY [ Completed ]Where stories live. Discover now