Part-14

5.6K 285 11
                                    

"ဖေဖေကို ဘာမှမပြောသေးနဲ့ဦးနော်.. "

"မောင်သိပါတယ် "

ဒီနေ့ဖေဖေ့ဆီကိုသွားတော့ နောက်ကနေလိုက်ခဲ့သည့် ဂျွန်ဂျောင်ကု ။ မလိုက်ခဲ့နဲ့ပြောတာလဲ မရတာကြောင့် ခေါ်သာခေါ်ခဲ့ရသည်။ဖေဖေ့ကို မဟုတ်တာတွေပြောမှာလဲ စိုးရိမ်ရတာမို့ သေချာမှာရသေးသည်။

ချပ်

"အော သားတို့ပါလား... "

"ဟုတ်တယ်ဖေဖေ "

ဂျီမင်းကဖြေပြီးနောက် သူက

"ကျွန်တော်လဲပါတယ် ဖေဖေ"

"ဪ အေး နေကောင်းရဲ့လား"

"ဟုတ်ကဲ့ ကောင်းပါတယ်ဖေဖေ "

" အေးအေး "

"ဖေဖေ မနက်စာစားပြီးပြီလား "

"အေး သား စားပြီးပြီ သားတို့ကော "

"ဟုတ် ကျွန်တော်တို့လဲ စားခဲ့ပါပြီ "

ဂျီမင်းကိုမဖြေရ သူကြီးပဲ ပိတ်ပိတ်ဖြေနေတာကြောင့် မျက်စောင်းထို့လိုက်တော့ မျက်လုံးတစ်ဖက် မှိတ်ပြသွားသည်။

ဒီနေ့တနေကုန် ဆေးရုံမှာနေမှာဆိုတော့ သူနာပြုကိုလဲ နားခိုင်းထားလိုက်သည်။ ဖေဖေကလဲ တော်တော်လေးသက်သာနေပြီဆိုတော့။

တစ်မနက်လုံး ဖေဖေနဲ့ဂျောင်ကု စကားတွေပြောပြီး ပျော်နေတာမြင်ရတော့ ဂျီမင်းစိတ်ချမ်းသာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုရွေးချယ်ပြီးပြီမို့ ဖေဖေနဲ့ရင်းနှီးစေချင်တာတော့အမှန်...

ရွေးချယ်မှု မှန်ကန်မယ်လို့တော့ ထင်ပါတယ်လေ...

နေ့လည်ပိုင်းရောက်တော့ ဂျီမင်းတို့အပြင်မှာနေ့လည်စာ သွားစားပြီး ဆေးရုံခန်းထဲ၌သာနေဖြစ်သည်။ အဆင့်မြင့်ဆေးရုံ ဖြစ်တာကြောင့် အနံအသက်တွေလဲကောင်းသလို လူနာစောင့်တွေ အနားယူလို့ရတဲ့ အဆင့်မြင့်ဆိုဖာတွေကလဲ အဆင်သင့်....

ဖေဖေကတော့ တမနက်လုံး စကားတွေပြောပြီးတော့ မောသွားပြီထင်ပါရဲ့ အိပ်တောင်ပျော်နေပြီ။

ဂျောင်ကုလဲ သူ့ဘေးနားမှာ အိပ်ငိုက်နေပြီဖြစ်သည်။ ဂျီမင်းကတော့ ပန်းသီးတွေကို အခွံနွှာပြီး အစိတ်သေးလေးတွေ လုပ်နေလိုက်သည်။

POSSESSIVE BOY [ Completed ]Where stories live. Discover now