Part-18

4.7K 278 5
                                    

"ဦးကလေးနဲ့ အမြန်ဆုံးလက်ထပ်ချင်တယ် "

"ဗျာ! "

ဂျီမင်းဘာပြန်ပြောရမလဲ တကယ်မသိတော့။ ဘာလို့မသိရမှာလဲ သေချာပေါက်ငြင်းရမှာပေါ့ မောင်နဲကလဲ ဘယ်အခြေအနေထိရောက်ပြီးပြီလဲ ဆိုတာ ကိုယ်ကိုတိုင်အသိဆုံး။ ဦးကိုသေချာလေးရှင်းပြကာ တောင်းပန်မယ်။ ဦးဘက်ကဘယ်လိုပုံစံမျိုးနဲ့ တုန်ပြန်တုန့်ပြန်လက်ခံမယ်။ ဒါပေမယ့် မောင့်ကို့စွန့်လွှတ်ရမှာကလွဲ ဘယ်အရာကိုမဆို ရင်ဆိုင်မယ်။

"ဟို... တကယ်တော့ "

တီ တီ တီ!

ဂျီမင်းဖုန်းက ထမြည်လာတာကြောင့် ကြည့်လိုက်တော့ မောင်။

"ဦး ကျတော်ဖုန်းလေး ခဏ"

ဦးကခေါင်းညိတ်ပြလာတာကြောင့် လူရှင်းတဲ့နေရာကို ထွက်လာပြီး ဖုန်းကိုင်လိုက်သည်။ လက်ထပ်ခွင့်တောင်းနေတဲ့ အချိန်ကြီး ဖုန်းပြောဖို့ထွက်လာတာ ရိုင်းမှန်းသိပေမယ့် တဖက်ကဖုန်းခေါ်တဲ့သူက မောင်ဖြစ်နေလို့ကို ဖုန်းကိုင်လိုက်ခြင်း..

"ဟယ်လို မောင်"

"ဘယ်မှာလဲ ဂျီမင်း! "

"ဟို.. ငါ "

"မောင် မင်းရှိတဲ့နေရာကို သိတယ်"

"ဟင်! "

"ဒယ်ဒီနဲ့ရှိနေတာမလား "

"မောင် ဘယ်လိုသိ"

"မင်း မောင့်ကိုထားခဲ့ဖို့ကြံနေတာလား! "

"ဟင့်အင်း အဲ့လိုမဟုတ်ဘူး "

"ဒယ်ဒီကလက်ထပ်ခွင့်တောင်းနေတာမလား! "

" ..... '

"မင်းလက်မခံရဘူး "

"အင်း ငါသိတယ်နော် ငါလက်မခံဘူး "

"အင်း မောင်ဖေဖေ့ဆီသွားနေတာ "

"ဟမ်! "

"ဟုတ်တယ် မောင်တို့နှစ်ယောက်အကြောင်း သွားပြောမလို့"

"ဟင့်အင်းနော် မောင် ဖေဖေ့ကိုအဲ့လိုပြောလို့မရဘူးနော် "

" မောင်ပြောမှဖြစ်တော့မယ် မောင် မင်းကိုစိတ်မချဘူး!"

"မောင့်! ငါလာခဲ့မယ် စောင့်နေနော် ဘာမှမပြောနဲ့ဦးနော်! "

"မောင် ဖေဖေ့ကိုပြောပြလိုက်တော့မှာ ။ မင်းနဲ့အတူ အချစ်ညတွေဘယ်န ညဖန်တီးခဲ့ကြောင်း မင်းကိုယ်ပေါ် အချစ်အမှတ်အသားတွေကို မောင်ဘယ်လိုဖန်တီးခဲ့ကြောင်း မောင်အကြိုက်ဆုံးမှဲ့လေး ဘယ်နားမှာရှိကြောင်းကို မောင်​ပြောလိုက်တော့မှာ "

POSSESSIVE BOY [ Completed ]Onde histórias criam vida. Descubra agora