နေရောင်ခြည်နွေးနွေးတို့က ဂျီမင်းမျက်နှာပေါ်ကို ဖြန့်ကျက်လာတာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်သည် မနက်မိုးလင်းတိုင်းမြင်နေကျ မျက်နှာကျက်မဟုတ်။ ညကအကြောင်းတွေ ပြန်စဉ်းစားမိသွားတာကြောင့် ထထိုင်ပြစ်လိုက်သည်။
အား!
ထထိုင်လိုက်တော့ ကျောရိုးတစ်လျှောက်နဲ့ ခန္တာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုင်ရိုက်ထားသလိုခံစားရပြီး ဟိုနေရာကဆို ပြောမပြတတ်အောင်ကိုနာနေသည်။ ပြီးတော့လူကလဲ အားလုံးဝရှိမနေတာ သေချာသည်။
မနေ့က တစ်နေကုန်အလုပ်ပင်ပန်းနေတာရယ် ဟိုကိစ္စဖြစ်သွားတာရယ်ကြောင့် ပိုပြီးပန်းနေတော့တာ။
ဟင်! အခုဘယ်န နာရီရှိနေပြီလဲ။ ဖေဖေတော့စိတ်ပူနေတော့မှာပဲ။ ဖုန်းကလဲမနေ့က ဘယ်နားထားမိမှန်းမသိ။ ဘေးနားကိုကြည့်လိုက်တော့လဲ သူကမရှိ။ အစကပြောတော့ သေချာပြန်လိုက်ပါမယ်ဆိုပြီး ဒီနေ့ကျတော့လည်း အတင်းအရယူပြန်သည်။
ချပ်!
အခန်းထဲကိုဝင်လာသည့် ဂျောင်ကုကြောင့် မျက်နှာတွေပိုတင်းသွားရသည်။ ဟုတ်တယ်လေ ခဏနားပြီးရင်လိုက်ပို့မယ်ဆိုပြီး အခုနောက်နေ့ကိုတောင်ရောက်နေပြီ ။ ကတိမတည်တဲ့လူ!
"နိုးပြီးလား "
"မမြင်ဘူးလား! "
ငုတ်တုတ်ကြီးထိုင်နေတာကို မြင်ရဲ့သားနဲ့ နိုးပြီလားဆိုတော့ တကယ်....
"နာနေသေးလား "
ဘုတ်!
ဂျီမင်းဘေးနားမှာရှိတဲ့ ခေါင်းအုံးနဲ့ပြစ်ပေါက်ပြစ်လိုက်သည်။ နာနေသေးလားတဲ့ မေးလဲမေးတတ်ပါတယ်။
"စိတ်ဆိုးနေတုန်းလား ညကမောင် စိတ်မထိန်းနိုင်လို့ "
သူ့ကိုပြစ်ပေါက်လိုက်တဲ့ ခေါင်းအုံးကို အမိအရဖမ်းပြီး ကုတင်ပေါ်ကိုပြန်တင်ကာ ပြောလာသည်။
"ဘယ်တုန်းက ထိန်းလို့လဲ မင်းစိတ်ကို။ အဲ့တာတွေထား ငါကိုအိမ်ပြန်ပို့ "
"ရေအရင်ချိုးပြီး မနက်စာစားဦး "
" မစားဘူး ဖေဖေစိတ်ပူ.."
YOU ARE READING
POSSESSIVE BOY [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ်လုံးဝမရှိပါ ။ # JIKOOK Fanfic