Part-4

4.8K 299 6
                                    

ဂျီမင်းရဲ့ ပြဿနာက ညနက်သန်းခေါင်အချိန်မှာစတော့တာ။ ရေဆာလို့ဘူးထဲ ကြည့်လိုက်တော့ ရေကမရှိဘူးဖြစ်နေခြင်း။  အောက်ထပ်ကိုမီးမဖွင့်တော့ဘဲ ဆင်းသွားလိုက်သည်။ ညနက်နေပြီဆိုတော့တခြားသူတွေလဲအိပ်နေပြီလေ။ ညမီးရောင်မှိန်ဖျော့ဖျော့လေးသာရှိ၏။

ရေထည့်ပြီးအပေါ်ထပ်ကိုတက်နေတုန်း

"ပတ်ဂျီမင်း အဲ့မှာခဏရပ်"

လှည့်ကြည့်လိုက်တော့ဂျောင်ကု ညနေက ကိစ္စကလဲရှိနေသေးတာကြောင့် ပြေးတက်လိုက်တော့အနောက်ကနေ တဒုန်းဒုန်းနဲ့ပြေးလိုက်လာသည်။
သူခြေလှမ်းတွေကဘာလို့အဲ့လောက်မြန်နေရတာလဲ ။ အခန်းထဲဝင်မလို့လုပ်တုန်း ဆွဲလှည့်ပြစ်လိုက်တာအရုပ်တစ်ရုပ်အတိုင်း

"ခင်များကိုနေဦးလို့ပြောနေတာမကြားဘူးလား"

"ဘာလဲ ငါ့ဘာငါရေသွားထည့်တာနော်"

"ဒါဆိုဘာလို့ခေါ်တာကို ပြေးတက်သွားတာလဲ"

"ဘာဖြစ်ဖြစ်.."

"ကျတော့်ကို ညစာပြင်ပေး"

"ဘာ.."

"ကျတော်ညစာမစားရသေးဘူး"

"မင်းဘာသာစားရမဲ့အချိန်အိမ်မှာမရှိတာလေ တခြားသူသွားခိုင်း မလုပ်ပေးနိုင်ဘူး"

အ့

"နာတယ်..မင်း"

လက်မောင်းကိုသူ့အားကြီးတွေနဲ့အတင်း ညစ်ထားပြီးအံကြိတ်သံဖြင့်

"ခင်များကိုပိုက်ဆံပေးပြီးအိမ်ခေါ်ထားတာ ခိုင်းရင်လုပ်"

"ငါကဆေးကုဖို့ ထမင်းဝိုင်းပြင်ပေးဖို့မဟုတ်ဘူး လွှတ်"

အတင်းရုန်းလဲမရ။

"ပြင်ပေးဆိုပြင်ပေး မဟုတ်ရင်ခင်များအိပ်ရမယ်မထင်နဲ့"

"မင်းကလေ သပ်သပ်ကိုပြဿနာရှာတာ"

"ဟွန်း သိရင်ပီးရော"

တောက်

ဂျီမင်းအောက်ထပ်ကိုပြန်လိုက်သွားရသည်။ ညစာထမင်းကလဲမကျန်တော့တာမို့ ခေါက်ဆွဲပြုတ်ပေးဆိုလို့ပြုတ်ပေးနေရသည်။ တကယ်ညကြီးသန်းခေါင် လိုက်ပြဿနာရှာနေတာ ကြည့်လို့ကိုမရဘူး။

POSSESSIVE BOY [ Completed ]Where stories live. Discover now