Part-12

6.4K 317 11
                                    

Warning.. အောက်ပါအကြောင်းအရာများတွင်ရိုင်းဆိုင်းသော စကားများပါဝင်နိုင်ပါသဖြင့် ၁၈နှစ် ပြည့်မှသာ ဖတ်ရှုပါရန်
__________________________

ဂျီမင်း ညနေအိမ်ပြန်ရောက်တော့ တစ်အိမ်လုံးမှောင်မဲနေပြီး အလုပ်သမားတွေလဲမရှိ။ ဘယ်တွေသွားနေကြပါလိမ့်..

ဂျီမင်း အိမ်ထဲဝင်လိုက်ပြီး မီးဖွင့်လိုက်တော့ မီးကလင်းမလားဘဲ ရောင်စုံမီးလေးတွေ တဖျက်ဖျက်လင်းလာသည်။

အပေါ်ထပ်ကို တက်တဲ့လှေကားတစ်လျှောက် ရောင်စုံမီးတွေလင်းနေတာကြောင့် အပေါ်ထပ်ကို ထိုလမ်းလေးအတိုင်း ဆက်တက်သွားလိုက်သည်။

ရောင်စုံမီးတွေက ဂျီမင်းအခန်းထဲကို သွားတဲ့လမ်းတစ်လျှောက်ထွန်းထားတာကြောင့် အခန်းထဲဝင်လိုက်တော့...

Suprise!!

အမလေး

ဂျီမင်းမှာ လန့်လို့ရင်ဘက်ကို ဖိထားရတဲ့အဖြစ်။

တစ်ခန်းလုံးကိုလဲ ညမီးရောင်မှိန်မှိန်ကိုသာ ထွန်းထားပြီးဝိုင်ခွက်တွေ အပြည့်အစုံနဲ့စောင့်နေတဲ့ ဂျွန်ဂျောင်ကု ။ သူများအခန်းထဲလာပြီ အရူးထပြန်ပြီ...

"ဘာအရူးလာထတာလဲ! "

"ဟ! မအံသြဘူးလား.."

"ဒါတွေက အံသြစရာပေါ့လေ "

"အံ့သြအောင်လို့ လုပ်ထားတာလေ.."

" ...... "

"မအံသြလဲထားလိုက်တော့ ချစ်သူဖြစ်တဲ့ အထိန်းအမှတ်နဲ့လုပ်ထားတာ လာထိုင် "

" ရူးနေလို့လား.."

"အင်း.. ခင်များကြောင့် ရူးသွားတာ "

"ကျစ် ဘာလို့ငါ့အခန်းထဲမှာ ရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်ထားတာလဲ! "

"ခင်များရှက်မှာဆိုးလို့လေ လူမြင်ရင် "

" ...."

"ကဲ ကြာတယ်လာထိုင် "

" မင်းသွားတော့ ငါရေချိုးမလို့.."

"လာထိုင်စမ်းပါ ကောင်းကောင်းပြောနေတုန်း "

အ့

"မင်း အတင်းမဆွဲနဲ့လေ.."

ခွမ်း

စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဝိုင်ပုလင်းကို ဂျီမင်းလက်နဲ့ တိုက်မိပြီးကွဲသွားခြင်း...

POSSESSIVE BOY [ Completed ]Where stories live. Discover now