Part-20

5.1K 299 4
                                    

*မောင် အရမ်းလွမ်းနေပြီ *

*ဖုန်းကိုင်ဦး အချစ်*

*မောင့်ကို စိတ်ဆိုးနေတုန်းလား မောင်သေချာရှင်းပြမယ် မောင်တို့တွေ့ရအောင်*

*မောင် ဆေးရုံကိုလာခဲ့မယ် ရလား *

*စာပြန်ပါဦးကွာ *

*မောင့်ကို မချစ်တော့ဘူးလား *

*မောင် လမ်းမခွဲနိုင်ဘူးနော် *

*ပြောနေတာကြားလား ဆိုဖီယာနဲ့ ကိစ္စကတကယ်မဟုတ်ဘူး မောင်သေချာရှင်းပြမယ် "

အစရှိသဖြင့် မောင်ပို့ထားသော စာများ။ သူ့ဘက်စာတွေအကြိမ်ကြိမ်ပို့၊ ဖုန်းတွေအကြိမ်ကြိမ်ခေါ် နေပေမယ့် ဂျီမင်းဘက်ကတော့ စာပြန်ဖို့လဲ အစီအစဥ်မရှိသလို၊ ဖုန်းပြောဖို့လဲအစီအစဥ်မရှိပါ။

ဟုတ်တယ် အခုဆို ဂျောင်ကုကိုအဆက်အသွယ်ဖြတ်ထားတာ တစ်ပတ်တိတိ ။ ဦးနဲ့သွားတွေ့ပြီး ကတည်းက။ ဦးဘက်က ပထမဆုံးတောင်းပန်လာ၏။ ဂျီမင်းနဲ့လက်ထပ်ဖို့ကို ဖျက်သိမ်းမယ်တဲ့လေ။ သူ့သားနဲ့ ဒီလိုတွေဖြစ်ပြီးတာကို သိပြီးမှတော့ ဘယ်သူကလက်ခံနိုင်မှာလဲလေ ဟွင်း..

ဂျီမင်းဘက်ကလဲ စဉ်းစားထားပြီးသာပါ။ အားကိုးရှိမှကျေးဇူးကန်းတယ်လို့တော့ မဟုတ်ပေမယ့် ထယ်ယောင်းအကူအညီနဲ့ ဖေဖေ့ဆေးစရိတ်တွေကို ပြန်ပေးဖို့။ ဒါပေမယ့် ဦးကလက်မခံတဲ့အပြင် ဂျီမင်းကိုပါ နစ်နာကြေးဟု၍ ပေးလာ၏။ သူ့သားနဲ့ ထပ်မပတ်သတ်နဲ့လေ။ မကြာခင် ဆိုဖီယာနဲ့ လက်ထပ်တော့မှာမို့ အဆက်အသွယ်ဖြတ်ပေးပါတဲ့။

ဂျီမင်းဘက်ကလဲ သေချာလေး ပြန်ပြောခဲ့ပါသည်။ သူ့သားကိုသာနိုင်အောင် ထိန်းဖို့နဲ့ အခုလိုတွေဖြစ်သွားခဲ့လို့ တောင်းပန်ကြောင်း။ နစ်နာကြေးကိုလဲ ဦးသားရဲ့ မဂ်လာလက်ဖွဲ့ငွေ အဖြစ်သတ်မှတ်ပေးဖို့ ပြောထားခဲ့ပါသည်။

အခုချိန်ကနေစပြီးတော့ ဂျီမင်းရှင်သန်မှာက ဖေဖေတစ်ယောက်ထဲအတွက်.....

ဖေဖေက ဒီနေ့မှ ဂျီမင်းကို စကားစပြော၏။ ဂျောင်ကုနဲ့ ထပ်မပတ်သတ်တော့ကြောင်းကို ပြောမှသာ ဖေဖေ့ပုံစံကစိတ်ချမ်းသာသွားပုံ။ နောက်ဆိုရင် ဖေဖေမသိပဲ ဘာမှမလုပ်ပါဘူးဆိုတဲ့ကတိကိုလဲ ပေးထားရ၏။ ဖေဖေစိတ်ဆင်းရဲစေမယ့် ကိစ္စတွေကို အများကြီးလုပ်ခဲ့မိတာပဲ။ ဂျီမင်း မိုက်ရူးရဲဆန်ခဲ့မိသည်။ ဘာတစ်ခုမှ သေချာမစဥ်းစားပဲ အလွယ်ဆုံးဖြတ်ခဲ့မိသည်။

POSSESSIVE BOY [ Completed ]Where stories live. Discover now