Part-28 (Final)

7.8K 315 14
                                    

ဂျီမင်းတို့ အပန်းဖြေခရီးအဖြစ် ကမ်းခြေကိုရောက်နေတာ နှစ်ရက်ရှိပြီ။ နှစ်ရက်သာရှိတာ အခန်းပြင်ကိုမထွက်ရသေး။ ဘာလို့ဆို ဒီရောက်ပြီး နေမကောင်းဖြစ်သွားတာကြောင့် အခန်းအောင်းနေရတာ။ ဒီနေ့တော့ တော်တော်လေးလန်းနေပြီမို့ အပြင်ထွက်ဖို့စိတ်ကူးပြီး အာလုံးပြင်ဆင်ပြီးပြီဖြစ်ပေမယ့် မောင်ကအခုထိမထသေး။

တီ! တီ!

"ဟယ်လို ထယ်ယောင်း "

". ..... "

"ဟမ်! တ တကယ်လား "

" ..... "

"အင်းပါ ဒါပဲနော် ထယ်ယောင်း "

တီ!

Kai ထောင်ကျသွားလို့တဲ့။ မောင်နဲ့များ... အာ ပတ်ဂျီမင်း မောင်ကအဲ့လိုလူမျိုးမဟုတ်ဘူး ဘာတွေတွေးနေတာလဲ ဖြန်း! ဖြန်း!

ကိုယ့်ပါးကိုနှစ်ချက်လောက်ရိုက်ပြစ်လိုက်သည်။

"ဂျီမင်း ဘာလို့ကိုယ့်ပါးကိုရိုက်နေတာလဲ "

"ဟင်! မောင် နိုးပြီလား"

"အင်း အပြင်ထွက်ဖို့အလှပြင်ထားတာလား "

"ဟုတ် "

အဝတ်ကပ်မနေတဲ့ မောင့်ရင်ခွင်ထဲ ဝင်ရင်း ဂျီမင်းပြောလိုက်သည်။

"မောင့် ဟိုလေ.. "

"အင်း "

"Kai ကထောင်ထဲရောက်သွားတယ်တဲ့ ဘယ်လိုဖြစ်တာလဲဟင်"

"စိတ်ပူမနေနဲ့ မောင်နဲ့ဘာမှမဆိုင်ဘူး သူ့အကြောင်းတွေကိုဖော်ထုတ်ပေးလိုက်ရုံ "

"အင်းပါ "

ဂျီမင်းဆက်မမေးဖြစ်တော့။ ကိုယ့်အပျော်ခရီးလေးမှာတော့ဘယ်လို စိတ်အနှောင့်အရှက်မှ မဝင်စေချင်ပါ ။

"မောင် ရေသွားချိုးလေ အပြင်သွားမယ် "

"မောင့်ကိုရေချိုးပေး "

"ကိုယ်ဘာသာချိုး ကလေးလဲမဟုတ်တော့ပဲ "

"မရဘူး လာချိုးပေး "

"အားး မောင့် သူများကချိုးပြီးပြီလို့ "

"ဟုတ်ပါပြီ သူများရယ် "

ပြွတ်!

"မောင်နော် ! "

မောင်ကတော့ ရေချိုးခန်းထဲ ဝင်သွားပြီဖြစ်သည်။ လူကိုလိုက်စနေတာ။

POSSESSIVE BOY [ Completed ]Where stories live. Discover now