Part-16

5.2K 298 7
                                    

အရှိန်နဲ့မောင်းနှင်နေတဲ့ အပြာရောင်ပြိုင်ကားထဲ ဂျီမင်း တိတ်တဆိတ်သာလိုက်ပါလာမိသည်။ သူ့ဘက်ကလဲ ဘာမှမပြောလာသလို ဂျီမင်းဘက်ကလဲစမပြော ။ အခုကိစ္စက သူ့ဘက်မှားတာ မဟုတ်တဲ့အတိုင်း။

ဒီနေ့ ထယ်ယောင်းရဲ့ စေ့စပ်ပွဲညကို ဂျီမင်းကို ဖိတ်ထားတာကြောင့် သွားတော့ သူကပါလိုက်သည်။ မလိုက်နဲ့လို့ပြောလဲ မရတာကြောင့် ခေါ်လာရသည်။ ဟိုရောက်တော့ အေးဆေးမနေ ပြဿနာကရှာခဲ့သေး၏။

အဖြစ်ကဒီလို...

ဂျီမင်းတို့ စေ့စပ်ပွဲကိုရောက်တော့ လူရှင်းတဲ့နေရာလေးမှာပဲ ဝင်ထိုင်လိုက်သည်။ ထယ်ယောင်းက အပေါင်းအသင်းကောင်းတော့ ကျောင်းတုန်းက သူငယ်ချင်းတွေကိုပါ ဖိတ်ထားသည်။ ဂျီမင်းနဲ့ အရမ်းကြီးရင်းနှီးတာ မဟုတ်ပေမယ့် အသိတွေဆိုတော့ လူမှုရေးအရ နှုတ်ဆက်ရသေးတာပေါ့။ ဒါကိုသူကမဟုတ် နောက်ကနေလိုက် သဝန်တိုနေတာ။

သူကတကောက်ကောက်လိုက်နေတော့ သူ့ကိုပါမိတ်ဆက်ပေးတော့ ကောင်းကောင်းမွန်မွန်ပြန်မပြော။ ဘယ်လောက်တောင် အားနာစရာကောင်းလိုက်လဲ။ သူနဲ့ ဂျီမင်းထိုင်ခုံမှာပဲ ထိုင်နေကြတော့  ဂျီမင်းအသိကလာနှုတ်ဆက်သည်။ လာနှုတ်ဆက်တဲ့သူက အနောက်တိုင်းမှာအနေများတော့ အနောက်တိုင်းဆန်ဆန် ဂျီမင်းလက်ကိုနမ်းပြီး နှုတ်ဆက်၏။ ဒါကိုသူက ထထိုးပြစ်လိုက်သည်။ ဟိုကလဲမခံ ပြန်ထိုးတော့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တော့သည်။ ထယ်ယောင်းကိုအားနာတာကြောင့် အိမ်ကိုသာပြန်လာခဲ့လိုက်သည်။

ထယ်ယောင်းနဲ့စေ့စပ်တဲ့သူကိုတောင် သေချာနှုတ်မဆက်ခဲ့ရ။

အမြဲတမ်းသူ့ ဒေါသကိုပဲ ရှေ့တမ်းတင်သည်။ လူမှုရေးတွေကိုလဲ အရေးမထား။ တကယ် ကျွန်တော့်မှာ ကလေးထိန်းနေရတဲ့အတိုင်း။

အခုလဲကြည့် သူမှားတာကို အခုထိမတောင်းပန်သေး။ သူကတောင် ပြန်စိတ်တိုနေသေးတာ။ ကားကိုလဲ ဖြည်းဖြည်းမမောင်း။

ရုတ်တရက် ကားကိုရပ်ပြစ်လိုက်ပြီး ဂျီမင်းဘက်ကို စူးစိုက်ကြည့်နေသည်။ ဂျီမင်းလဲ ဂရုမစိုက် ရှေ့တည့်တည့်ကိုသာ မျက်နှာမူထားလိုက်၏။

POSSESSIVE BOY [ Completed ]Waar verhalen tot leven komen. Ontdek het nu