Part-27

5.6K 270 12
                                    

ည dinner ကိုတော့ မောင့်အိမ်ရှေ့ကွင်းပြင်မှာ ကျင်းပသည်။ ည ၇ နာရီလောက်က ပွဲစလိုက်တာ အခုည ၉ နာရီခွဲနေပြီ ဖြစ်သော်လည်း ဧည့်သည်က ရှိနေသေးသည်။ မောင့်အသိုင်းအဝိုင်းက လူတွေရယ် မောင့်အလုပ်ကလူတွေရယ် မောင့်သူငယ်ချင်းတွေရယ်ကြောင့် တော်တော်လေးပွဲစည်နေသည်။ လူကြီးတွေကတော့ စောစောပြန်သွားပြီးပြီ။ လူငယ်တွေဖြစ်တဲ့ မောင့်သူငယ်ချင်းတွေကတော့ အခုထိသောက်တုန်း....

ဂျီမင်းကတော့ တစ်နေ့လုံးမနားရသေးတာရယ် အခုညပါဆက်လိုက်တော့တော်တော်လေး အိပ်ချင်နေပြီဖြစ်သည်။

ဂျီမင်းကိုတော့ ၈ နာရီခွဲလောက်ကတည်းက သူ့အခန်းထဲကို ထည့်ထားပြီးပြီ။ အဆင်သင့်ပြင်ဆင်ထားဆိုပြီး အောက်ထပ်ကိုပြန်ဆင်းသွားတာ အခုထိ​တတ်မလာသေး။ ညစာကိုလဲ နွားနို့ပဲသောက်ရမယ်ဟုပြောကာ ဘာမှမစားခိုင်း။ ပြီးတော့ ရေချိုးပြီးဝတ်ရမယ့် အက်ျီကိုလဲ အဆင်သင့်ပြင်ပေးထားပေမယ့် ဂျီမင်းမဝတ်ချင်ပါ။ ထို့ကြောင့် ညဝတ်အိပ် pajamas ကိုမှ ကာတွန်းရုပ်လေးတွေပါသော အပြာနုရောင်လေးကို ရွေးဝတ်ထားလိုက်သည်။

နာရီကိုကြည့်လိုက်တော့ ည ၁၀ နာရီထိုးနေပြီ။ မောင်ကအခုထိတတ်မလာသေး။ တကယ်ဆို  အခုချိန်လောက်ကို တတ်လာခဲ့တော့ပေါ့။ ဂျီမင်းတကယ်စိတ်တိုလာပြီဖြစ်သည်။ သူများကိုကျ စောစောစီးစီးကတည်းက အခန်းထဲပို့ထားပြီး သူက​တော့အခုထိ မလာသေးတာကြောင့်နှင်းဆီပွင့်ဖက် အနီရဲရဲတွေခင်းကျင်းထားတဲ့ မွေ့ယာပေါ်ကိုတတ်ကာ အိပ်လိုက်တော့သည်။

အချိန်နဲ့အချိန်တတ်မလာပဲ လူကိုလာထိရင်တော့ လုံးဝလက်မခံနိုင်ပါ။

အင်းးးးးးးးးးးးး

တစ်စုံတစ်ယောက်က ဂျီမင်းအိပ်နေတုန်း အတင်းပွေ့ဖက်ကာ နမ်းရှိုက်လာတာမို့ ငြီးငြူပြစ်လိုက်သည်။ ဒါပေမယ့် အနမ်းတွေကတော့ ရပ်တန့်မသွား။

"အွင်းး ဟင်းး! "

ဂျီမင်းနှုတ်ခမ်းတွေကို မငမ်းမရ နမ်းရှိုက်နေတာကြောင့် မောင့်ကိုယ်ကြီးကို တွန်းပြစ်ကာထထိုင်ပြစ်လိုက်သည်။ အရက်နံတွေနဲ့လာနမ်းနေတာ ဘယ်လိုမှမခံနိုင်။ ခါးသပ်သပ်အရသာတွေလဲ လျှာဖျားမှာစွဲ နေသည်အထိ။ ဂျီမင်းက အဲ့လိုအပြင်းစား အရသာနဲ့ အနံပြင်းတဲ့ဟာတွေကို မကြိုက်တာမို့ လျှာဖျားမှာစွဲနေတဲ့ အရသာကြီးကိုလုံးဝ မကြိုက်ပါ။

POSSESSIVE BOY [ Completed ]Where stories live. Discover now