"ဆေးလဲသောက်ဦးနော် ကလေး"
"ဟုတ်ကဲ့ ဦး"
"ဒါပဲနော်.."
"ဟုတ် "
ဦးနဲ့ video call ပြောတာပြီးသွားမှသာ စိတ်သက်သာရာရတော့သည်။ လည်ပင်းက အမှတ်အသားတွေကြောင့် လက်ရှည်ဝတ်ထားတာကို မေးနေတာမလို့ နေမကောင်းလို့ဟုသာဖြေလိုက်သည်။
လက်ရှည်မဝတ်လို့လဲမရ လည်ပင်းဆိုမြင်မကောင်းရှုမကောင်းအောင် အနီကွက်တွေမှ အများအပြား။ မနေ့က ကိစ္စကိုလဲ အခဲမကြေသေး။
မနေ့က သူပြီးသွားတော့ ခင်များအသက်ကိုကယ်ထားတာ ဒီလောက်တော့ပြန်ပေးဆပ်တဲ့လေ။ ပြီးတော့ ခင်များလဲကောင်းနေတာပဲမလားတဲ့ ။ စကားကိုလဲ အရှက်မရှိပြောဆိုသေးတယ်။ ဂျီမင်းကိုကန်ဘောင်ပေါ်မှာအတိုင်းထားခဲ့ပြီး ထွက်သွားသည်။ ဂျီမင်းမှာတော့ ရေစိုဝတ်ကြီးနဲ့ အောက်ထပ်ဆင်းလာတော့ အလုပ်လုပ်နေတဲ့ကောင်မလေးတွေက စူးစမ်းသလိုကြည့်သွားသေးသည်။ ဘယ်လိုတွေထင်သွားပြီလဲမသိ။
ဒီနေ့ဆို အခန်းထဲကနေကိုမထွက်ရဲသေး။ ဦးနဲ့ဖုန်းပြောတုန်းကလဲ လိပ်ပြာမလုံသလို ခံစားချက်ကြီးနဲ့အားနာနေရတာ။ သူ့ကိုလေ ရှောင်လေတွေ့လေများလားမသိ မတွေ့ချင်ရင်အမြဲတွေ့တွေ့နေရသည်။ နောက်တစ်ခါဆိုရင်တော့ အဲ့လိုကိစ္စတွေကိုအဖြစ်မခံနိုင်ပါ။ ဒါကလုံးဝမဖြစ်သင့်သလို ဖြစ်လဲမဖြစ်ချင်ပါဘူး။ ဦးကိုဘယ်လောက်တောင် အားနာစရာကောင်းလိုက်လဲ။ သူ့မှာလဲ စေ့စပ်မဲ့သူကအဆင်သင့်ရှိနေတာကို လူကိုလိုက် အနှောင့်အရှက်ပေးသည်။
ဟူးးးးးးးးးးးး
ဒေါက် ဒေါက်!
"အကိုလေး အောက်မှာဧည့်သည်ရောက်နေလို့ပါ"
"ကျတော့်ဆီလာတာလား"
"သခင်လေးဂျောင်ကုဆီလာတာပါ ကျမတို့ကမပြောရဲ့လို့"
"အင်း အင်း"
ဂျီမင်းအောက်ထပ်ကိုဆင်းလာခဲ့သည်။ မပြောရဲရအောင် ဘယ်သူဖြစ်နေလို့လဲ။
"ဪ ဆိုဖီယာ!"
"အင်း ကျွန်မပဲ ဂျောင်ကုဘယ်မှာလဲ"
YOU ARE READING
POSSESSIVE BOY [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ်လုံးဝမရှိပါ ။ # JIKOOK Fanfic