Part-19

4.7K 284 6
                                    

"ဂျီမင်း မနက်စာစားလိုက်ဦး "

"အင်း "

ထယ်ယောင်း ဂျီမင်းအတွက် မနက်စာကိုသေချာထည့်ပေးလိုက်၏။ ညကသူနဲ့အတူတူ ဆေးရုံစောင့်ရင်း ည ၂နာရီလောက်မှ အိပ်ခဲ့ရတာ။ ဦးလေးအခြေအနေက ထပ်ခွဲစိတ်စရာတော့ မလိုတော့ပေမယ့် အခုထိတော့သတိမရသေး။ ညကပဲဂျီမင်းက သူ့အဖြစ်အပျက်တွေကို ပြောပြလို့ အားလုံးကိုသေချာသိသွားခဲ့ရတာ။ အခုဖြစ်သွားတာတွေက ဘယ်သူ့အပြစ်ရယ်လို့ ပြောလို့တော့မရ။ ကံကြမ္မာကိုပဲ အပြစ်ရတော့မှပေါ့။

ဂျီမင်းလဲအတော်လေး စိတ်ညစ်နေပါလိမ့်မယ်။ ညက စိတ်ညစ်စရာတစ်ခုက ထပ်တိုးလာပြန်သေး၏။ ည ၁၂လောက်ထိဆရာဝန်ကသေချာလေးစစ်ဆေးပေးပြီး စိတ်ချရပြီဆိုတော့မှ ထယ်ယောင်းတို့လဲစိတ်အေးကာ ဖုန်းဖွင့်ကြည့်လိုက်မိ၏။ ဖွင့်ဖွင့်ချင်းပါပဲ အင်တာနက်စာမျက်နှာပေါ်မှာ တွေ့လိုက်ရတဲ့ ဂျောင်ကုနဲဆိုဖီယာရဲ့ပုံတွေ။ ရင်ဘတ်အထိ စောင်ကိုခြုံထားကြပေမယ့် နှစ်ယောက်လုံး အဝတ်မပါဘူးဆိုတာ သိသာနေတာပဲ။ ဂျီမင်းကိုပြလိုက်တော့ မျက်နှာသေနဲ့ ဘာမှတော့ပြောမလာ။ ဒါပေမယ့်ဝမ်းနည်းနေတာကိုတော့ ထယ်ယောင်းသိပါတယ်။

ဟူးးးးးးးးး

"ဖေဖေ! "

"ဟင်! ဦးလေး သတိရလာပြီလား ငါဆရာဝန်သွားခေါ်လိုက်မယ်"

ဆရာဝန်ကသေချာ စစ်ဆေးပြီးနောက် စိတ်ချရပြီဟုပြောကာ ထွက်သွား၏။

"ဖေဖေ နေရတာအဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲ "

​ဖေဖေကမေးတာကို မဖြေပဲ ဂျီမင်းကိုကြည့်ပြီးတော့သာ မျက်ရည်တွေကျနေသည်။

"ဖေဖေ့ ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ "

"သား ဘာတွေလုပ်နေတာလဲ သားရယ်"

"ဟင်! "

"အဲ့အလုပ်တွေ ဆက်မလုပ်ပါနဲ့ ဖေဖေသေသွားလဲ ကိစ္စမရှိပါဘူးသားရယ် "

"ဖေဖေဘာတွေပြောနေတာလဲ ဖေဖေကဘာလို့သေရမှာလဲ "

"ဖေဖေ့ကိုဆေးမကုလဲ​ဖြစ်တာမို့ အဲ့လိုအလုပ်တွေတော့မလုပ်ပါနဲ့ သားရယ် "

POSSESSIVE BOY [ Completed ]Where stories live. Discover now