Part- 26

5K 264 5
                                    

"မောင့်ကို လက်ထပ်ပါ "

"ဟင်! "

ဂျီမင်းတို့ ဒီနေ့ည စားသောက်ဆိုင်မှာ ညစာစားနေကြတုန်း မောင်ကရုတ်တရက်ကြီး ကျွန်တော့ရှေ့မှာ ဒူးထောက်ကာ လက်စွပ်ဘူးလေးနဲ့ လက်ထပ်ခွင့်တောင်းလာသည်။ ဘယ်လိုမှ မထင်ထားတာကြောင့် အံသြသွားရသည်။ ဘေးဝိုင်းကလူတွေတောင်ပြုံးစိစိနဲ့ကြည့်နေကြပြီ။ ဓာတ်ပုံရိုက်သူကရိုက်  video ရိုက်သူကရိုက်နဲ့ အကုန်ဝိုင်းကြည့်နေကြသည်။ ဆော်သြသံတွေကပါသေး...

"လက်ခံလိုက်ပါ လက်ခံလိုက်ပါ!  "

"အင်း! မောင့်ကိုလက်ထပ်မယ် "

မောင်က ဂျီမင်းလက်သန်းကြွယ်မှာ လက်စွပ်ကလေးဝတ်ပေးလာပြီး မတ်တပ်ရပ်လာတော့ ဂျီမင်းဆွဲဖက်ပြစ်လိုက်သည်။ မောင့်ကိုအရမ်းချစ်တယ် ။

ဟေးးးးးးးးး

ထယ်ယောင်းတို့ပါရောက်လာပြီး ဝိုင်းပျော်ပေးကြသည်။ ဘယ်အချိန်ကတည်းကရောက်နေတာလဲ။ မောင်နဲ့ကြိုတင်စီစဥ်ထားတာပဲနေမှာ။ မောင်ကချစ်ဖို့ကောင်းလိုက်တာ....

"ပျော်လား... "

"အင်း အရမ်းပျော်တယ် မောင့်ကိုအရမ်းချစ်တယ် "

"မောင်ကပိုချစ်တယ်... "

ထို့နောက် ထယ်ယောင်းတို့ပါ တစ်ဝိုင်းထဲထိုင်ပြီး အတူစားသောက်ပြီးမှ အိမ်သို့ပြန်ခဲ့ကြသည်။ ထယ်ယောင်းတို့ပါ အိမ်ကိုလိုက်ခဲ့တာကြောင့် ဝိုင်းဖြစ်သွားရသည်။

ဖေဖေရောတစ်ဝိုင်းတည်းဝင်ထိုင်တာကြောင့် အနည်းငယ်ရှိန်ကာ သိပ်မသောက်ရဲကြ။ အနားယူတော့မယ်ဟု ပြောကာ ထွက်သွားမှသာ အသားကုန်သောက်ကြတော့သည်။

"ဂျီမင်း မင်းကမသောက်ဘူးလား "

"အင်း.. ရင်ပြည့်နေလို့ "

"နေမကောင်းဘူးလား ဂျီမင်း "

"ကောင်းပါတယ် မောင်ရဲ့ ငါမသောက်ချင်လို့ မောင်ပဲသောက် "

"ချီးယားးးးးးးးး "

မောင်တို့ထပ်သောက်နေကြတာ အချိန်အတော်ကြာသည်အထိ။ ထယ်ယောင်းတို့ပြန်သွားပြီးတာတောင် မောင်ကထပ်သောက်နေတုန်း....

POSSESSIVE BOY [ Completed ]Where stories live. Discover now