Part-7

5.3K 339 4
                                    

"ဖေဖေ ဘယ်သူပါလာလဲ ကြည့်ပါဦး"

ဖေဖေက မမှတ်မိသလိုကြည့်ပြီး

"ဟာ ငါ့သားမက်လေးပါလား"

"ဖေဖေ့ ဘာတွေပြောနေတာလဲ ထယ်ယောင်းကို အားနာစရာ"

"ဦးလေး ကျတော်ကတော့ ဦးလေးသားကို မယူနိုင်ပါဘူးနော်"

"ဟားဟား ဉီးလေးသားကဘာဖြစ်နေလို့တုန်း"

"ဘဲနှုတ်ခမ်းနဲ့လေ"

"ဟားဟား"

"ထယ်ယောင်း မင်းနော်"

"မဟုတ်လို့လား.."

"မဟုတ်ပါဘူး..ဒီလောက်ချစ်ဖို့ကောင်းတာကို"

"ဦးလေး သက်သာရဲ့လား မောတာတွေရှိသေးလား"

"အားလုံးအဆင်ပြေနေပါပြီ"

ဒီနေ့ တစ်မနက်လုံး ထယ်ယောင်းရယ် ကျတော်ရယ် ဖေဖေနဲ့အချိန်ပေးပြီးနေခဲ့သည်။ ထယ်ယောင်းကတော့ ဖေဖေပျော်အောင် ဟာသတွေပြောပြီး နောက်ပြောင်နေသေးတာ။ နေ့လည်စာအတူစားပြီး ထယ်ယောင်းက သူ့ကားနဲ့အိမ်အထိ လိုက်ပို့ပေးသွားသည်။ ထယ်ယောင်းက ကျတော်နဲ့လက်ထပ်မယ့်သူရဲ့ အကြောင်းကိုလဲ မစပ်စုသလို အိမ်ပြောင်းနေတဲ့ကိစ္စကိုလဲမမေး။ တစ်နေ့ပြောရမယ်သိပေမယ့် အခုတော့မဟုတ်သေး။ ပြောလိုက်ရင် ကျတော့်ကို အထင်သေးသွားမှာလဲကြောက်တယ်။ တစ်ဉီးတည်းသော သူငယ်ချင်းလေးကို မဆုံးရှုံးချင်ပါ။

ဖေဖေ့ကိုတောင် အခုထိမပြောနိုင်သေး။ ပြောပြလိုက်လို့ စိတ်မကောင်းဖြစ်ပြီး တစ်ခုခုဖြစ်သွားမှာလဲကြောက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့သိမှာပါပဲ.......

.
.
.

ဂျီမင်း ဒီနေ့တော့ ဆေးရုံလဲမသွားဖြစ် အိမ်မှာလဲအားနေတာကြောင့် အပေါ်ထပ်ကို တက်လာခဲ့သည်။ ဒီအိမ်ကိုရောက်ပြီးကတည်းက အပေါ်ထပ်ကို မရောက်ဖူးသေး။

ဂျောင်ကုကလဲ မနေ့ညကတည်းကပြန်မလာဘူးတဲ့လေ။ ဒါကြောင့်မို့လဲ အပေါ်ထပ်ကို တက်ရဲတာပါ သူရှိနေရင် သူ့အခန်းကို တက်ကြည့်တယ်ဆိုပြီး ပြဿနာအရှာခံရဉီးမှာ သေချာတယ်။

အခန်းထဲရောက်တော့ ဂျီမင်းမှာပါးစပ်တောင် မစိနိုင်တော့သည်အထိ အရာရာက အသစ်အဆန်းတွေချည်း။ အခန်းကြီးကလဲ အကျယ်ကြီး အခန်းသပ်သပ်ဖွဲ့ထားတာမျိုး မရှိပဲ gym ဆော့စရာပစ္စည်းတွေနဲ့ ပြည့်နေတာ။

POSSESSIVE BOY [ Completed ]Where stories live. Discover now