Part-21

5.1K 327 4
                                    

"ဒီနေ့ညပွဲတတ်ဖို့ အဆင်သင့်ပြင်ထားတော့ စောစောသွားမှာ"

"ဟုတ်ကဲ့ပါ လိုအပ်တာတွေပြင်ဆင်ထားလိုက်ပါမယ် "

"အင်း "

*မောင်ပြန်ရောက်နေပြီ ဂျီမင်း *

တကယ်တော့ ကိုရီးယားကိုပြန်ရောက်တာ တစ်ပတ်လောက်တောင် ရှိနေပြီ။ ဒီတစ်ပတ်အတွင်း သူ့အသွားအလာ အလုပ်သွား အလုပ်ပြန်ကို တစ်ချိန်လုံးလိုက်ကြည့်နေခဲ့တာ။ ဘယ်လောက်တောင် လွမ်းခဲ့ရတဲ့ မျက်နှာလေးလဲ။ ချက်ချင်းသွားဖက်ပြီး နမ်းပြစ်လိုက်ချင်တာ။

အဲ့ညက အိမ်ပြန်ရောက်တော့ ဘိုးဘိုးဆုံးပြီဆိုတဲ့ သတင်းကိုကြားကြားခြင်း ဂျပန်အမြန်သွားလိုက်ရတာ။ နာရေးပြီးတော့လဲ ပြဿနာတွေက တစ်ခုပြီးတစ်ခု ဖြေရှင်းနေရတာ။ ဆိုဖီယာနဲ့ ကလေးပြဿနာ အဆိုးဆုံး။ အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်ထားလို့မှမရတာ သိပ်မကြာလိုက်ပါဘူး ဆိုဖီယာရဲ့ တိတ်တိတ်ပုံး ယောကျာ်းဆိုပြီး ပေါ်လာတော့တာ။ လူကိုလာပြီး နွားလုပ်ခိုင်းနေတာပဲ...

အဲ့ကိစ္စပြီးနောက် ဒယ်ဒီက ပြန်လို့မရအောင် တစ်ခုပြီးတစ်ခုနဲ့ချုပ်၏။ ဒယ်ဒီ့ကိုကြောက်လို့တော့ မဟုတ်ပေမယ့် ကိုယ့်ကိုအထင်သေးတဲ့ စကားတွေပြောခဲ့တာကြောင့်ရော ချက်ချင်းကြီးပြန်သွားရင်လဲ အဆင်မပြေမှာသိတာကြောင့်ရော ဒယ်ဒီ့ company မှာအခြေခံကနေ အလုပ်စဝင်လိုက်ပြီး သူ့ကိုအချိန်အတိုင်းအတာ တစ်ခုအထိလွှတ်ထားပေးလိုက်သည်။

လွှတ်ထားပေးတယ်လို့တော့ ဆိုလို့မရ ဟွင်းးးး
တချိန်လုံးစောင့်ကြည့်နေခဲ့ကိုး...

ပတ်ဂျီမင်းတို့က တကယ်လက်လန်တယ်။ ကြင်ဖက်တောင်သွားတွေ့လိုက်သေးတယ်။ ဟက်! မောင်ကဒီတိုင်းကြည့်နေမယ်ထင်နေတာကိုး တချိန်လုံး သူတွေ့သမျှ ကြင်ဖက်တွေကို နောက်ကွယ်ကနေ လိုက်ဖျက်နေရတာ။

အခုတော့ နောက်ကွယ်ကနေ လိုက်ဖျက်စရာမလိုတော့ ပေါ်တင်ဖျက်တော့မှာ။ ကိုယ့်ဘက်ကလဲ မျှော်မှန်းထားတဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ဒယ်ဒီ့ဘက်က မကန့်ကွက်ပဲ ကြည်ကြည်ဖြူဖြူ ကိုရီးယားကိုပြန်လွှတ်သည်။ ဂျီမင်းနဲ့ကိစ္စကိုလဲ ပြန်စမှာသိနေပေမယ့် ဘာမှတော့ပြောမလာ ။ ပြောရင်လဲ နားထောင်မှာမှမဟုတ်တာ...

POSSESSIVE BOY [ Completed ]Tempat cerita menjadi hidup. Temukan sekarang