Part-22

6.1K 367 12
                                    

Warning -18နှစ်ပြည့်မှ ဖတ်ပါ။
______________________________

"မောင် ညကျရင်ဖုန်းဆက်လိုက်မယ် "

" ..... "

"အေး ဖုန်းကိုကိုင်နော် "

ဒုန်း!

ဟွင်း! ပတ်ဂျီမင်းက ဒီလောက်မှတ်အောင် နမ်းထားတာတောင် အကြောကတင်း​နေတုန်း...

တကယ်တော့ဂျောင်ကု ဒီလူကို နူးနူးညံ့ညံ့လေးနဲ့ ပြန်လိုက်မလို့ပါပဲ။ ဒါပေမယ့် ဒီနေ့တွေ့လိုက်ရတဲ့ မြင်ကွင်းက နဂိုကတည်းက ဒေါသကြီးတဲ့ ကိုယ့်အတွက်တော့ ဘယ်လိုမှထိန်းချုပ်ဖို့ မဖြစ်နိုင်။

မနေ့က ပွဲတတ်တုန်းကလဲ အဲ့ကောင်နဲ့ သာယာနေတဲ့မြင်ကွင်းကို မြင်ပေမယ့် လူအများကြားထဲမှာမလို့ ဒေါသတွေကို ထိန်းချုပ်ထားရတာ။ ဒီနေ့တော့မရတော့ ဟိုကောင်နဲ့ ခဏခဏတွေ့နေတာကိုလုံးဝမကြိုက်၊ ဟိုကောင်နဲ့ ရယ်မြူးပြီး ပြုံးပျော်နေတာကို လုံးဝမကြိုက်။ ဒါကြောင့် သူ့ကိုဘယ်သူပိုင်တယ်ဆို အသိပေးခဲ့ရုံ....

ကားထဲရောက်တော့လဲ လူကိုမတူသလို မတန်သလိုနဲ့ ပါးကိုရိုက်သေးသည်။ ပါးရိုက်တာက နာတယ်ရယ်တော့မဟုတ်ပေမယ့် နမ်းချင်နေတာကြောင့်ရော အတင်းအကျပ်နမ်းပြစ်လိုက်မိသည်။ ကိုယ်က အစကတည်းက သူ့ယောကျာ်းပဲလေ ဘာတွေကိုစောင့်ထိန်းနေရဦးမှာလဲ...

အခုလဲကြည့် သူ့အိမ်ရောက်တော့ နှုတ်မဆက်ပဲ ဆင်းသွားပြန်သည်။ တံခါးကိုတောင် အသံမြည်အောင် ပိတ်သွားသေးသည်။

စိတ်ဆိုးနေသေးတာ သိပေမယ့် ဘယ်လိုလုပ်ရမလဲ။ မောင်ကအနမ်းတွေနဲ့ပဲ ချော့တတ်တာ ဂျီမင်းရဲ့....

Villa ကိုပြန်ရောက်တော့ ရေမိုးချိုးအဝတ်စားလဲပြီး ဂျီမင်းဆီဖုန်းခေါ်လိုက်သည်။

အိမ်ပြန်မနေချင်တာကြောင့် Villa မှာပဲနေဖြစ်ခြင်း။

*လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ..... *

ကျစ်! ဘာလို့ဖုန်းကမအားရတာလဲ။ နောက်တစ်ကြိမ်ပြန်ခေါ်ကြည့်တော့

*လူကြီမင်းခေါ်ဆို.... *

တောက်! ဘယ်သူတွေနဲ့ပြောနေလို့ ဒီလောက်တောင်ကြာနေတာလဲ။ ဖုန်းတွေအကြိမ်ကြိမ် ခေါ်နေပေမယ့် လုံးဝမကိုင်။ စိတ်မရှည်တာနဲ့ သူ့တို့အိမ်ကိုသာ ထွက်လာခဲ့မိတော့သည်။

POSSESSIVE BOY [ Completed ]Where stories live. Discover now