Part-9

5.2K 327 5
                                    

"ဖေဖေ ဒီနေရာလေးကို သဘောကျရဲ့လား.. "

ဖေဖေ့ကို လမ်းလျှောက်ရင်း အပန်းဖြေလို့ရအောင် ဆေးရုံရဲ့အပေါ်ဆုံးထပ်မှာရှိတဲ့ ပန်းခြံအသေးလေးကို ခေါ်သွားခြင်း။

ဖေဖေကတော့ လက်တွေကို မြှောက်လိုက်ချလိုက်နဲ့ လေ့ကျင့်ခန်းလုပ်နေတာကို ဂျီမင်းဘေးကနေစောင့်နေပေးသည်။ ဒီနေ့ဆို မနက်ကတည်းကဆေးရုံလာနေတာ ညနေတောင်ရောက်နေပြီ။

"အင်း ဖေဖေသဘောကျတယ်"

" ဒါနဲ့ သားကဆေးရုံမှာ အလုပ်မလုပ်တော့တာလား "

"အာ ဟုတ် ဟုတ်တယ် ဒီထက်လစာကောင်းတဲ့အလုပ် ရသွားလို့ "

" ဘယ်မှာလဲ အဆင်ရောပြေရဲ့လား "

" ပြေပါတယ်ဖေဖေရဲ့ ဒီအကြောင်းတွေကို စိတ်ပူမနေနဲ့ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်နော်.."

"ဖေဖေဆေးရုံက ဆင်းချင်ပြီ "

"ဟင်းးး ဖေဖေကလဲ အမောဖောက်တာတွေရှိမှာစိုးလို့လေ တစ်လလောက်တော့ နေမှဖြစ်မယ်လေ.."

"ဖေဖေသားကို စိတ်မချဘူး.. "

" အာ ဖေဖေကလဲ ဘာစိတ်မချစရာရှိလို့လဲ စိတ်ချနော် ဟုတ်ပြီလား"

"အောက်ထပ်ဆင်းရအောင် သားလဲအိမ်ပြန်နောက်ကျနေပြီ "

"ဟုတ်ကဲ့ ဖြေးဖြေးလျှောက်နော်.."

သူတကယ် သားကိုစိတ်မချဘူးဖြစ်နေတာ။ တကယ်သာအလုပ်ရှိရင် နေ့တိုင်းနီးပါး ဆေးရုံကိုလာနိုင်ပါ့မလား။ သားတကယ် ဘာတွေလုပ်နေတာလဲ။

ဂျီမင်းဖေဖေကို အခန်းထဲသေချာပို့ခဲ့ပြီး ညစာပါပြင်ပေးခဲ့သည်။ ဘာကိုမှ စိတ်မချစရာမရှိကြောင်းကိုလဲ သေသေချာချာလေးကို မှာခဲ့ရသေးသည်။ အတွေးလွန်ပြီး တစ်ခုခုဖြစ်သွားမှာလဲ စိုးရိမ်ရသေးတာမို့ သူနာပြုကို သေချာမှာထားခဲ့ရသေးသည်။ တကယ်ပါ ဖေဖေကိုသာဆုံးရှုံးလိုက်ရမယ်ဆို ဟင့်အင်း တွေးတောင်မတွေးရဲပါ။ ကျတော့်ဘဝမှာ ဖေဖေတစ်ယောက်သာ အတွယ်တာရဆုံးအဖြစ် ကျန်ရှိနေတော့တာမလို့ ဖေဖေကိုတော့ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ။

ဆေးရုံအပြင်ရောက်တော့ အိမ်ကကားစောင့်နေတာမတွေ့တာကြောင့် bus နဲ့သာပြန်လိုက်တော့မယ်။ ထိုအချိန် သူ့ရှေ့မှာရပ်လာသော ပြိုင်ကားအနီတစ်စီး။ ဒီကားဘယ်သူ့ကားလဲ သိလိုက်ပြီ ကားကိုတစ်စီးပြီးတစ်စီးလဲနေတာ ။ သူ့ကားကိုမတွေ့သလို ရှောင်သွားလိုက်တော့ ရှေ့တည့်တည့်မှာ ပိတ်ရပ်ပြန်သည်။ ကျစ်... တော်တော်စိတ်အနှောင့်အရှက်ပေးတဲ့သူ

POSSESSIVE BOY [ Completed ]Место, где живут истории. Откройте их для себя