Part-3

5.1K 298 3
                                    

"ဦး ကျတော့်ကိုခေါ်တယ်ဆိုလို့"

"အင်း ဟုတ်တယ် ဂျီမင်းအေးအေးဆေးဆေးနားလို့ရအောင်လို့"

"ဟုတ်"

"လာထိုင်"

ဂျီမင်း ဦးပြတဲ့နေရာမှာထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုသေချာလေ့လာမိ၏။ အိမ်ရဲ့တောင်ဘက်မှာရေကူးကန်အကျယ်ကြီးနဲ ပန်းခြံအသေးလေးရှိတယ်။ အခုဦးက စာရင်းတွေစစ်နေပုံရပြီးဂျီမင်းကိုလဲ သူ့အနားမှာနေစေချင်တဲ့ပုံ ။ဒီနေ့ဦးအလုပ်နားရက်ဖြစ်မယ်။

နေရာလေးကအေးအေးချမ်းချမ်းနဲ့ အနားယူလို့တော်တော်ကောင်းတယ်။ ခဏနေတော့ ကောင်မလေးတစ်ယောက် စားစရာတွေလာချပေးသည်။

"ကလေးစားဖို့ လာပို့ခိုင်းထားတာ"

"ဪ ဟုတ်"

အခုဆိုသူ့ကို ကလေးလို့ခဏခဏခေါ်တတ်တယ်။ နေသားတော့ကျနေပါပြီ..

လာချပေးတဲ့ ကိတ်ကိုဖဲ့စားလိုက်ပြီး ဦးဘက်ကိုပါတိုးပေးလိုက်သည်။

"တော်ပြီ ဦး မစားတော့ဘူး"

ဂျီမင်း တစ်ယောက်ထဲစားနေရတာ တစ်မျိုးကြီးနေတာကြောင့် ဇွန်းနဲ့ခပ်ပြီး ဦးကိုခွန့်လိုက်၏..
ဦးဘက်ကတော့ ဘာမှမပြောဘဲစားပေမယ့် ဂျီမင်းမျက်နှာနုနုကတော့ ရဲနေတော့သည်။ တစ်ခါမှအဲ့လိုတွေမလုပ်ဖူးတာ။

ဦးက စာရင်းစာအုပ်တွေက်ိုသိမ်းလိုက်ပြီး

"ဦးဆီခဏလာပါဉီး "

လက်တန်းပေးတာကြောင့် ဦးရင်ခွင်ထဲမှီလိုက်၏။ ဦးက ဂျီမင်းနှဖူးကို ငုံ့နမ်းလာပြီး

"ဉီး ကလေးကိုမြတ်နိုးတယ်"

တောက်

ထိုမြင်ကွင်းကို အပေါ်ဆုံးထပ်ကနေကြည့်နေသည့်ဂျောင်ကု..

Gym ဆော့ပြီး ဝရံတာဘက်ထွက်လာတာ အဲ့လိုမြင်းကွင်းမျိုးမြင်ရမယ်လို့ဘယ်သူထင်မှာလဲ။မနေ့ကထမင်းစားခန်းထဲမှာရော အခုရော ဒယ်ဒီ့ရဲ့ ဂရုစိုက်မှုတွေကိုလုယူသွားသလို ခံစားရတယ်။ ဒယ်ဒီကမေမေ့ကို တကယ်မေ့နိုင်သွားပြီလား။ မေ့နိုင်မှာပေါ့လေ မိန်းမမရှိတာကိုအခွင်းကောင်းယူပြီး အနားကပ်ပြီးဂရုစိုက်ပြနေတာကို ဘယ်ယောကျာ်းက မပါဘဲနေမှာလဲ။ အခုလဲကြည့်အလုပ်လုပ်တဲ့နေရာထိလိုက် နှောင့်ရှက်နေတာကို...

POSSESSIVE BOY [ Completed ]Where stories live. Discover now