Part-10

5.9K 332 9
                                    

"အခန်းနှစ်ခန်းစာ မတက်နိုင်ဘူး "

"ဘာ မင်း ငါ့အိတ်​ပြန်ပေး "

ဂျီမင်းအနောက်ကနေ အမြန်ပြေးလိုက်သွားလဲ သူ့ခြေလှမ်းကျဲကြီးတွေကို မမှီပါ။

ဂျီမင်းရဲ့ဘေးအိတ်ကို ဘယ်အချိန်ယူသွားလိုက်လဲမသိ။ အိတ်ထဲမှာ ဖုန်းတွေရောအကုန်ပါတာ။

ဒုန်း!

ဂျီမင်း မဝင်ခင်အခန်းတံခါး ပိတ်ချသွားလို့ ပြန်ဖွင့်ဝင်သွားလိုက်တော့ သူ့လက်ထဲမှာ ဂျီမင်းအိတ်မရှိတော့။

" ငါ့အိတ်ဘယ်မှာလဲ "

"တွေ့အောင်ရှာလေ..."

အခန်းတစ်ခုလုံး လှည့်ပတ်ရှာလဲမတွေ့တာကြောင့် လက်လျှော့လိုက်တော့သည်။

အခန်းကတော်တော်လေးကျယ်ပြီး ရေခဲသတ္တာ ၊ TV လိုအပ်တာအစုံရှိသည်။

ဟင်!

ကုတင်ကနှစ်ယောက်အိပ်ကုတင်ကြီး သူ့ကိုလှည့်ကြည့်လိုက်တော့ ရေချိုးမလို့ထင် အဝတ်အစားတွေချွတ်ပြီး ရေချိုးခန်းထဲ ဝင်သွား၏။ ဂျီမင်းကတော့ တစ်နေကုန် ဆေးရုံမှာရှိနေတာတွေရော ကားစီးလို့ပင်ပန်းတာတွေရောကြောင့် အိပ်ပြစ်လိုက်ချင်ပြီ။ မနက်ကလဲ ရေချိုးပြီးမှ ဆေးရုံသွားတာကြောင့် ရေမချိုးပဲ အိပ်ပြစ်လိုက်တော့မယ်။ ဖိနပ်နဲ့ ခြေအိတ်ကို ချွတ်လိုက်ပြီး ကုတင်ပေါ်ကိုတက်ကာ အိပ်ပြစ်လိုက်တော့သည်....

ချပ်

ဂျီမင်းရေချိုးခန်းတံခါး ဖွင့်သံကြားတာကြောင့် နိုးလာရပြန်သည်။ ဂျီမင်းငယ်ငယ်ကတည်းက အအိပ်ဆက်တာကြောင့် နိုးသွားရခြင်း။

သူ့ကိုကြည့်လိုက်တော့ ခါးမှာတဘတ်တစ်ထည်သာ ပတ်ထားသည်။ ခေါင်းလျှော်ခဲ့တာကြောင့် ရေတစက်စက်ကျနေပြီး စွဲဆောင်မှုရှိလှသည်။ မျက်လုံးဝိုင်းဝိုင်းတွေကတော့ ပကတိအပြစ်ကင်းနေသယောင် နှုတ်ခမ်းပါးပါးအောက်က မှည့်နက်ကလေးကြောင့် ဂျီမင်းနှလုံးခုန်တွေ မြန်လာရပြန်သည်။

တောင့်တောင့်တင်းတင်း ခန္တာကိုယ်က ကြွက်သားအဖုအထစ်တွေနဲ့ သူ့နေရာနဲ့သူ ကြည့်ကောင်းလွန်းလှသည်။ လက်မောင်းကြွက်သားကြီးဆို ဂျီမင်းရဲ့ ပေါင်လုံးလောက်တောင်ရှိမလားမသိ ပိုကြီးရင်တောင် ကြီးနေဦးမှာ။ ရင်ဘတ်ကြွက်သားကနေတလျှောက် အောက်ဘက်ကို တဖြည်းဖြည်း လိမ့်ဆင်းသွားတဲ့ ရေစက်လေးကို လိုက်ကြည့်နေမိသည်။ ထိုရေစက်လေး တဘတ်အောက်ဘက်ကို လိမ့်ဆင်းသွားသည်အထိ။ ဂျီမင်းကြည့်နေရင်း တံတွေးအခါခါမြိုနေမိသည်။

POSSESSIVE BOY [ Completed ]Where stories live. Discover now