1

3.9K 159 6
                                    

"မင့်ရဲ့လက်ကိုအားကုန်ထည့်စမ်းပါဘာလို့မိန်မတစ်ယောက်ထက်တောင်ပိုပြီးပျော့ညံ့နေရတာလဲ!"

ပန်ဒိုရာရုတ်တရက်မူဝေသွားပြီးသူ့ရှေ့ကနုတ်ခမ်းမွှေးထူထူနှင့်သက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်ကိုစူးစိုက်ပြီးကြည့်လိုက်သည်။ဘာလဲ...သူကရင်ညွှန့်တည့်တည့်ကိုကျဥ်ဆန်မှန်ပြီးလဲကျသွားတာမဟုတ်ဘူးလားအခုကဘာတွေဖြစ်နေတာလဲ။အကျင့်အတိုင်းပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်တော့ရှေးခေတ်ပုံစံဝတ်ဆင်ထားပြီးဓါးကိုယ်စီကိုင်ဆောင်ထားသည့်ယောကျ်ားငါးယောက်နှင့်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ဘာလဲသူသိုင်းသင်တန်းကျောင်းတစ်ခုကိုရောက်နေတာလား။သူအတွေးများနေတုန်းနှာခေါင်းကိုဓါးရိုးနှင့်ရိုက်ခံလိုက်ရပြီးသေလုနီးပါးနာကျင်သွားရသည်။

"အာ့!"

"တိုက်ခိုက်ချိန်မှာအတွေများနေတယ်..မင့်လိုလူမျိုးကတိုက်ပွဲထဲမှာတစ်မိနစ်တောင်မရှင်သန်နိုင်ဘူးမင်းသမီးလေးသီတာဒေဝီကမိန်းကလေးဖြစ်နေလျှက်နဲ့တောင်မင့်ထက်အရည်အချင်းအများကြီးရှိနေတယ်မင်းတို့ကမောင်နှမတွေဆိုတာငါမယုံနိုင်ဘူး"

လူငယ်တွေကသူ့ကိုအထင်သေးပြီးရွံရှာနေသလိုမျိုးကြည့်နေကြကာအမျိုးသမီးကတော့သူကိုလှောင်ပြုံး,ပြုံးပြလာသည်။

'ဒီသခင်ကြီးကိုများနာကျင်အောင်လုပ်ရဲတယ်'

ပန်ဒိုရာဘာမှထပ်မတွေးနိုင်တော့။နောင်ခါလာနောင်စျေးဟုမှတ်ကာသူ့ရဲ့ဓါးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ရုတ်တရက်ဓါးကိုင်နည်းမှန်ကန်သွားတာကြောင့်ရှေ့ကလူကမျက်ခုံးအနည်းငယ်ပင့်မိသွားပြီလှောင်ရီလာကာ

"အသက်၁၄နှစ်မှာဓါးကိုင်နည်းမှန်ကန်သွားပြီပဲ"

ဘေးမှာစောင့်ကြည့်နေတဲ့မိန်းမပျိုက,မအောင့်နိုင်တော့သလိုမျိုးရယ်သံထွက်လာပြီးပြန်တိတ်သွားသည်။တမင်တကာလုပ်နေမှန်းသိသာလှသည်။ပန်ဒိုရာဆက်ပြီးသည်းမခံနိုင်တော့တာကြောင့်သူ့ရှေ့ကလူကိုရှေ့တိုးလာဖို့လက်ယက်ခေါ်လိုက်တော့ထိုလူကဒေါသတကြီးဖြင့်ပန်ဒိုရာဆီဓါးဝင့်ကာပြေးလာခဲ့သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now