33

1K 130 0
                                    

'ကုန်းကုန်းကနတ်ရင်သွေးဆေးသောက်ပြီးသူ့ကိုမွေးဖွားခဲ့တယ်'

ပန်ဒိုရာခေါင်းကိုအဆက်မပြတ်ခါရမ်းလိုက်သည်။

သူ့မှတ်ဉာဏ်တွေတတ်နိုင်သမျှစုစည်းကြည့်ပေမယ့်အလုပ်မဖြစ်။

'ဘာကိုဆိုလိုတာပါလိမ့်နောက်ကျမှပဲမင်းမြတ်မဟာကိုဆက်သွယ်ပြီးမေးကြည့်လိုက်ပါတော့မယ်လေ'

ပန်ဒိုရာ,သူ့ရှေ့မှာရှိနေတဲ့ကုန်းကုန်းနဲ့ဖခမည်းတော်ကိုတစ်လှည့်စီတင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြစ်လိုက်သည်။ဒါကသူ့မိဘအရင်းတွေပဲ။ဒါကြောင့်လဲအမြဲတမ်းကာကွယ်ပေးချင်ခဲ့တာနေမှာပေါ့။

"ခမည်းတော်နဲ့မယ်တော်ကိုအရမ်းချစ်တယ်"

ဒါကမင်းမြတ်မဟာရဲ့တောင်းဆိုမှုဖြစ်သလိုသူလုပ်ချင်ခဲ့သောအရာလည်းဖြစ်လေသည်။

ကုန်းကုန်းကမျက်ရည်တွေစီးကျလာပြီးသူရဲ့သားလေးကိုတင်းတင်းကျပ်ကျပ်ပြန်လည်ပွေ့ဖက်လိုက်သည်။

သူတစ်ညလုံး,အရင်အကြောင်းတွေရှင်းပြပြီးဖြစ်ပေမယ့်ချက်ချင်းကြီးသူ့ကိုလက်ခံပေးလိမ့်မယ်လို့တော့မထင်ထားမိခဲ့။သူကကုန်းကုန်းတစ်ယောက်လေ။

"မယ်တော်လို့ခေါ်လို့ရတယ်မလား"

"ဟင့်..သား..ငါ့သားလေး..ငါ့ရဲ့သားတော်လေး"

သူ့ရဲ့မယ်တော်လေးကအကြာကြီးငိုရှိုက်နေခဲ့ပြီးဖခမည်းတော်ကနှစ်သိမ့်ပေးတော့မှသာအငိုတွေရပ်တန့်သွားတော့သည်။

"ခမည်းတော်..ဒီစကားကိုမပြောချင်ပေမယ့်"

"နန်းတော်ပြင်ပကိုထွက်သွားချင်တာလား"

ခမည်းတော်တို့နှစ်ယောက်လုံးကအားတုန့်အားနာဟန့်ဖြစ်နေလေသည်။

"ဒီကြားထဲမှာခမည်းတော်နှင့်မင့်မယ်တော်တို့ကအကြာကြီးခွဲနေခဲ့ရတာအဲ့ဒီမိန်းမယုတ်ကြောင်မို့တစ်လတစ်ခါတောင်တွေ့ဖို့မဖြစ်နိုင်ခဲ့ဘူး..ကိုယ်ချစ်ရသူနဲ့တွေ့ချင်တာတောင်အမြဲခိုးကြောင်ခိုးဝှက်နဲ့"

ဘုရင်ကြီးကမှတ်ဉာဏ်ဆိုးတွေပြန်ဝင်လာပြီးအသံတိုးဖျော့သွားသည်။သူ့ရဲ့ချစ်ရသူကိုတွေ့ချင်လွန်းလို့ရူးမတတ်ဖြစ်နေချိန်မှာတောင်မတွေ့နိုင်ခဲ့။သားတော်လေးကိုခေါ်တွေ့ရင်ချစ်ရသူပါ,ပါလာမှာသိပေမယ့်ထိုမိန်းမယုတ်ကသားတော်နှင့်ခဏခဏတွေ့တာမကြိုက်တာကြောင့်အရာအားလုံးကိုမြိုသိပ်ထားရန်သာတတ်နိုင်တော့သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now