4

1.4K 133 6
                                    

"အား...သေပါပြီငါ့ခေါင်း!"

"အရှင့်သားအဆင်ပြေရဲ့လားကျွန်တော်မျိုးအမူးပြေဟင်းရည်ယူလာခဲ့ပါတယ်"

'သေစမ်းငါမနေ့ကအရက်အလွန်အကျွံသောက်မိသွားတာပဲ'

သူကအရက်မူးရင်သွေးဆိုးတတ်တာကြောင့်တွေ့ဆုံပွဲတွေရှိတိုင်းဘယ်တော့မှအရက်မူးအောင်သောက်လေ့မရှိ။မနေ့ညကအရက်အရသာလေးကောင်းလှတာကြောင့်နည်းနည်းမြည်းရင်း,မြည်းရင်းသူလုံးဝလွှတ်သွားတော့သည်။သွားပြီ!လူတွေသတိထားမိကုန်တော့မှပါပဲ။ကြောက်ကြောက်ရွံ့ရွံ့ပုံစံလေးနဲ့နေရပါမယ်ဆိုမှ။

"အရှင့်သားစိတ်မကြည်ဖြစ်နေပါသလားနန်းတွင်းအနှိပ်တော်တွေခေါ်လာပေးပါ့မယ်"

"မလိုဘူး..မျက်နှာသစ်ဖို့ပဲပြင်ဆင်​ပေး"

အပျိုတော်တွေက​ရေပူ၊ရေအေးနှင့်တစ်ဘတ်နုနုလေးတွေကိုအပြေးအလွှားယူဆောင်လာပေးကြသည်။အပျိုတော်လေးတွေရဲ့မျက်နှာမှာနီမြန်းနေပြီးစိတ်လှုပ်ရှားနေတာကိုမထိန်းသိမ်းနိုင်ကျတော့ပေ။ယခင်ကရုပ်ဆိုးပြီးနှေးကွေးတဲ့သူတို့ကိုအရှင့်သားနန်းဆောင်ဆီခစားဖို့တာဝန်ပေးတော့လူတွေအကုန်လုံးရဲ့လှောင်ရီတာကိုခံခဲ့ရသည်။အခုတော့သူတို့ကိုအားလုံးကအားကျတဲ့အကြည့်တွေနဲ့ကြည့်နေရပြီ။

"မနေ့ညကဒီမင်းသားပြသနာရှာမိသေးလား"

"မရှာမိပါဘူးမနေ့ညကအရှင့်သားအရမ်းကြည့်ကောင်းတာပဲ"

ပန်ဒိုရာသက်ပြင်းချမိလိုက်ပေမယ့်မျက်ခုံးခပ်လှုပ်လှုပ်ပင်။

"ဒီနေ့ဘာလုပ်စရာရှိလဲ"

"ဒီနေ့စာသင်ကြားရပါမယ်ဆရာကခက်ခဲပြီးအရှင့်သားမဖြေနိုင်တဲ့မေးခွန်းတွေမေးရင်ဒီအစေခံကိုချက်ချင်းခေါ်လိုက်ပါ"

"မဖြေနိုင်တဲ့မေးခွန်း.."

အာ။မှတ်မိပြီ။စာသင်ဆရာကမူရင်းလူကိုပြန်မပြောနားမထောင်နှင့်ထုံပေပေစရိုက်ကြောင့်အထင်သေးပြီးမုန်းတီးလှသည်။သူမေးတဲ့မေးခွန်းတွေကသာမာန်မေးခွန်းတွေပေမယ့်အမြဲတမ်းအတွေးလွန်နေတတ်တဲ့မူရင်းလူကဘယ်တော့မှဖြေနိုင်စွမ်းမရှိခဲ့။တစ်ချိန်မှာဘုရင်ဖြစ်မယ့်လူမို့စာသင်ဆရာကမူရင်းလူကိုမင်းကောင်းတစ်ပါးဖြစ်လာစေရန်စေတနာဖြင့်ဖိအားပေးသင်ကြားပေမယ့်အထင်လွှဲမှုတွေသာပြန်ရခဲ့ခြင်းပင်။မင်းကြီးနှင့်ကုန်းကုန်းကိုကာကွယ်နိုင်ဖို့ဆိုယခုလိုအင်အားနည်းသူတွေကအစသိမ်းသွင်းဖို့လိုအပ်သည်။သူကမော်ဒန်မှာကတည်းကထူချွန်လွန်းသူမို့ပညာရေးနှင့်ပတ်သက်ပြီးစိုးရိမ်မှုမရှိပေ။ယခုပညာရေးကအများကြီးခေတ်နောက်ကျနေသေးသည်လေ။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now