16

1.3K 133 8
                                    

ပန်ဒိုရာကြက်တွန်သံကြောင့်သတိအနည်းငယ်ကပ်လာသည်။တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလိုနာကျင်နေပြီးပါးစပ်ကလည်းခြောက်သွေ့မှုကြောင့်ဘာအသံမှုမထွက်နိုင်တော့။

"အရှင့်သားရေလေးနည်းနည်းလောက်အရင်သောက်လိုက်အုံး"

ရေတွေပါးစပ်ထဲစီးဝင်လာတော့ပန်ဒိုအငမ်းမရသောက်မိတာကြောင့်ရေသီးသွားတော့သည်။

"ဖြည်းဖြည်းချင်းသောက်ပါ"

နွေးထွေးသောလက်ဖဝါးကြီးတစ်ခုကသူ့ကျောကိုဖြည်းညင်းစွာပွတ်သပ်ပေးလာသည်။လူတစ်ချို့ကသူ့ခန္တာကိုယ်ကိုသန့်ရှင်းရေးလုပ်နေကျပြီးစပ်ဖျင်းဖျင်းအရသာကဒဏ်ရာတွေကိုဆေးထည့်ပေးနေပုံရသည်။

ဒီလိုဆိုတော့လည်းမဆိုးလှပါဘူး။

"အရှင့်သားအနားယူလိုက်ပါအုန်းမနက်အစောကြီးရှိသေးတယ်"

မှော်ဝင်တဲ့အသံသြရှရှလေးကပန်ဒိုရာနားထဲစီးဝင်လာပြီးပဝါဖယ်ရှားခံလိုက်ရတာသိပေမယ့်မျက်လုံးဖွင့်ကြည့်ဖို့မတတ်နိုင်တော့။နဖူးပေါ်ကျရောက်လာတဲ့အနမ်းလေးတွေကြောင့်ခန္တာကိုယ်တစ်ခုလုံးနွေးထွေးလာပြီးအိပ်မက်ကမ္ဘာထဲဆွဲခေါ်ခံလိုက်ရတော့သည်။

ပန်ဒိုရာကိုဒီနေ့မည်သူကမှလာမနိုးတာကြောင့်မျက်လုံးများဖွင့်လာသည့်အချိန်တွင်နေ့ခင်းပင်ရောက်နေပြီ။

မနက်ခင်းကလောက်နာကျင်မှုမရှိတော့တာကြောင့်ဒေါသထွက်နေသည့်ကြားထဲကချီးကျူးမိလိုက်သေးသည်။

'ဘယ်သူတွေဖြစ်ဖြစ်ငါမမိစေနဲ့ပေါ့'

ထထိုင်လိုက်တော့အောက်ပိုင်းတစ်နေရာကစူးခနဲ့။

"အာ့!"

"ဟင့်...အရှင့်သား..ဘာဖြစ်လို့လဲ..ဟင့်!"

သူ့ကုတင်မှာငိုယိုနေတဲ့ငယ်ငယ်ရွယ်ရွယ်ကောင်မလေးကိုမြင်ပြီးပန်ဒိုရာထိတ်လန့်သွားသည်။

"မင်းကဘယ်သူလဲ"

"ဟင့်!မနေ့ကအရှင့်သားကိုခစားဖို့တာဝန်ကျတဲ့ကိုယ်လုပ်တော်ပါ"

"မင်းကဘာလို့လာငိုနေတာလဲ!"

ကောင်မလေးကမတရားခံရသလိုသူ့ကိုစူးစိုက်ကြည့်လာပြီး

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now